ျမန္မာအစိုးရ လုပ္ေဆာင္ခ်က္ေတြကို ေထာက္ခံေၾကာင္း တ႐ုတ္ဝန္ႀကီးခ်ဳပ္ ေျပာ

0
638

ျမန္မာအစိုးရရဲ႕ ျပည္တြင္းေရး တည္ၿငိမ္ေအာင္ အားထုတ္မႈနဲ႔ ဘဂၤါလီအေရး ေျဖရွင္းဖို႔ ခ်ဥ္းကပ္မႈေတြကို တ႐ုတ္က ေထာက္ခံအားေပးတယ္လို႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခဲ့က်န္က ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာပါတယ္။

ဘဂၤါလီ မြတ္စလင္အေပၚ ျမန္မာလံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ႏွိပ္ကြပ္မႈဟာ ခြင့္လႊတ္စရာ မရွိဘူးလို႔ အေမရိကန္ ဒုတိယ သမၼတ မိုက္ခ္ ပန္႔စ္က ျပစ္တင္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရဘက္က အခုလို ေျပာခဲ့တာ ျဖစ္ပါတယ္။

စင္ကာပူမွာ က်င္းပတဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဝန္ႀကီးခ်ဳပ္ လီတို႔ အလြတ္သေဘာ ေတြ႔ဆံုခဲ့တာျဖစ္ၿပီး ျမန္မာနဲ႔ ဆက္ဆံေရးဟာ အလြန္အေရးႀကီးေၾကာင္း၊ ေဆြမ်ိဳးေပါက္ေဖာ္ အစဥ္အလာအရ ဆက္ဆံေရး ဆက္လက္ ထူေထာင္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ လီက ေျပာပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ ရခိုင္ျပည္နယ္ အေရး ေဆြးေႏြးတိုင္ပင္မႈက တစ္ဆင့္ ေျဖရွင္းေနတာကို ေထာက္ခံေၾကာင္း ဝန္ႀကီးခ်ဳပ္ လီက ေျပာတယ္လို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအစိုးရ လုပ်ဆောင်ချက်တွေကို ထောက်ခံကြောင်း တရုတ်ဝန်ကြီးချုပ် ပြော

မြန်မာအစိုးရရဲ့ ပြည်တွင်းရေး တည်ငြိမ်အောင် အားထုတ်မှုနဲ့ ဘင်္ဂါလီအရေး ဖြေရှင်းဖို့ ချဉ်းကပ်မှုတွေကို တရုတ်က ထောက်ခံအားပေးတယ်လို့ တရုတ်ဝန်ကြီးချုပ် လီခဲ့ကျန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောပါတယ်။

ဘင်္ဂါလီ မွတ်စလင်အပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်ကွပ်မှုဟာ ခွင့်လွှတ်စရာ မရှိဘူးလို့ အမေရိကန် ဒုတိယ သမ္မတ မိုက်ခ် ပန့်စ်က ပြစ်တင်ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရဘက်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးချုပ် လီတို့ အလွတ်သဘော တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနဲ့ ဆက်ဆံရေးဟာ အလွန်အရေးကြီးကြောင်း၊ ဆွေမျိုးပေါက်ဖော် အစဉ်အလာအရ ဆက်ဆံရေး ဆက်လက် ထူထောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် လီက ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ရခိုင်ပြည်နယ် အရေး ဆွေးနွေးတိုင်ပင်မှုက တစ်ဆင့် ဖြေရှင်းနေတာကို ထောက်ခံကြောင်း ဝန်ကြီးချုပ် လီက ပြောတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)