မင္းျပားၿမိဳ႕နယ္မွာ မေလးရွားသြားမယ့္ ဘဂၤါလီ ငါးဦး ဖမ္းမိ

0
371

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ လက္မေက်းရြာမွာ မေလးရွားကို အလုပ္လုပ္ဖို႔ သြားမယ့္ ဘဂၤါလီ ငါးဦးကို ေက်းရြာအုပ္ခ်ဳပ္ေရးမႉးနဲ႔ အဖြဲ႔ ေတြ႔ရွိ ထိန္းသိမ္းထားေၾကာင္း အေၾကာင္းၾကားတဲ့အတြက္ ပန္းေျမာင္ရဲကင္း စခန္းက သြားေရာက္ေခၚယူခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္မွာ နာဂါရာျပင္ရြာေန မာေမာက္ႏူရ္ (၂၁ ႏွစ္) ပါ အမ်ိဳးသား ငါးဦးကို ေတြ႔ရွိခဲ့တာ ျဖစ္ၿပီး ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ မင္းျပားၿမိဳ႕မ ရဲစခန္းမွာ ထိန္းသိမ္းထားပါတယ္။ စစ္ေဆးရာမွာ မာေမာက္ႏူရ္က က်န္ ဘဂၤါလီ ေလးဦးကို တစ္ဦးလွ်င္ က်ပ္ ၉ သိန္းနဲ႔ အခေၾကးေငြယူၿပီး ရန္ကုန္ၿမိဳ႕ကို ပို႔ေဆာင္ဖို႔ စည္း႐ံုးေခၚေဆာင္လာေၾကာင္း စစ္ေဆးေပၚေပါက္ပါတယ္။

မာေမာက္ႏူရ္ကို ရာဇသတ္ႀကီး ပုဒ္မ ၂၆၇ နဲ႔ အမႈဖြင့္ၿပီး က်န္ ဘဂၤါလီ ေလးဦးကို လဝက အက္ဥေပဒနဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။
…………………… ။ ။ …………………….

မင်းပြားမြို့နယ်မှာ မလေးရှားသွားမယ့် ဘင်္ဂါလီ ငါးဦး ဖမ်းမိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မကျေးရွာမှာ မလေးရှားကို အလုပ်လုပ်ဖို့ သွားမယ့် ဘင်္ဂါလီ ငါးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ တွေ့ရှိ ထိန်းသိမ်းထားကြောင်း အကြောင်းကြားတဲ့အတွက် ပန်းမြောင်ရဲကင်း စခန်းက သွားရောက်ခေါ်ယူခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ နာဂါရာပြင်ရွာနေ မာမောက်နူရ် (၂၁ နှစ်) ပါ အမျိုးသား ငါးဦးကို တွေ့ရှိခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ မင်းပြားမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ စစ်ဆေးရာမှာ မာမောက်နူရ်က ကျန် ဘင်္ဂါလီ လေးဦးကို တစ်ဦးလျှင် ကျပ် ၉ သိန်းနဲ့ အခကြေးငွေယူပြီး ရန်ကုန်မြို့ကို ပို့ဆောင်ဖို့ စည်းရုံးခေါ်ဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်ပါတယ်။

မာမောက်နူရ်ကို ရာဇသတ်ကြီး ပုဒ်မ ၂၆၇ နဲ့ အမှုဖွင့်ပြီး ကျန် ဘင်္ဂါလီ လေးဦးကို လဝက အက်ဥပေဒနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)