
0
404



…………………… ။ ။ …………………..
ပုသိမ်-ငွေဆောင် လမ်းပေါ်မှာ တရားမဝင် သယ်လာတဲ့ နွားတွေ ဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ် ငွေဆောင်ကားလမ်းပေါ်မှာ မနေ့က နိုဝင်ဘာ ၁၅ ရက် ည ၁၂ နာရီမှာ နွားတွေ တရားမဝင် သယ်ဆောင်လာတဲ့ ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းပေးချက်အရ ပုသိမ်ခရိုင် မူခင်းနှိမ်နင်းရေး အဖွဲ့နဲ့ သလပ်ခွာ နယ်မြေစခန်းမှူး အဖွဲ့တို့ စောင့်ဆိုင်းစဉ် ယာဉ်မောင်း ဇော်မျိုးထိုက် မောင်းနှင်ပြီး နွား ၁၄ ကောင် (ကာလတန်ဖို့း သိန်း ၆၀ ခန့်) တင်ဆောင်လာတဲ့ ယာဉ်ကို ဖမ်းမိခဲ့ပါတယ်။

ယာဉ်မောင်း ဇော်မျိုးထိုက်နဲ့ အတူ နွားပိုင်ရှင်တွေဖြစ်တဲ့ ရဲနိုင်ဦး (၃၆ နှစ်)၊ စိုးနိုင် (၄၇ နှစ်)၊ ကျော်ဦး (၄၀ နှစ်) တို့ကို ဖမ်းဆီးရမိတဲ့အတွက် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သလပ်ခွာ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)