စဥ့္ကူးမွာ ေရႊခိုးတူးသူ ေလးဦး အင္းအတြင္း ပိတ္မိၿပီး သံုးဦးေသ

0
321

မႏၱေလးတိုင္း၊ စဥ့္ကူးၿမိဳ႕နယ္၊ ငါးျပားေပး ေက်းရြာရွိ သတၱဳတူးေဖာ္ေရး ကုမၸဏီတစ္ခုပိုင္ အင္းအတြင္း အမ်ိဳးသား ေလးဦး ေရႊခိုးတူးရာက အင္းအတြင္း ပိတ္မိၿပီး သံုးဦး ေသဆံုးခဲ့ပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္ေန႔က ျပည္သာႏိုင္ ေရႊသတၱဳ တူးေဖာ္ေရး ကုမၸဏီအတြင္းရွိ အင္းအတြင္း က်ည္ေတာက္ေပါက္ ေက်းရြာေန ေအာင္မ်ိဳးဦး အပါအဝင္ ေလးဦးတို႔ ဝင္ေရာက္ ခိုးယူတူးေဖာ္စဥ္ အင္းနံရံၿပိဳက်ကာ ပိတ္မိေနခဲ့ပါတယ္။

တာဝန္ရွိသူေတြက အင္းထဲက ေရေတြကို ေရစုပ္စက္ သံုးလံုးနဲ႔ စုပ္ထုတ္ခဲ့ၿပီး ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ အင္းအတြင္း ဝင္ေရာက္ရွာေဖြရာမွာ ေအာင္မ်ိဳးဦး (၂၇ ႏွစ္)၊ ေအာင္ျမင့္သန္း (၁၉ ႏွစ္) နဲ႔ တျခား ႏွစ္ဦးရဲ႕ အေလာင္းေတြ ေတြ႔ရၿပီး ဇင္ဝိုင္း (၂၃ ႏွစ္) ကိုေတာ့ အသက္ရွင္လ်က္ ေတြ႔ရွိခဲ့ၾကပါတယ္။

အားလံုးကို က်ည္ေတာက္ေပါက္ ေဆး႐ံုကို ပို႔ေဆာင္ကုသခဲ့ရာ ဇင္ဝိုင္းက စိုးရိမ္ဖြယ္ မရွိလို႔ ေဆး႐ံုကေန ဆင္းခြင့္ရပါတယ္။ ေသဆံုးမႈကို လက္ပန္လွ ရဲကင္းစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။
………………….. ။ ။ ……………………..

စဉ့်ကူးမှာ ရွှေခိုးတူးသူ လေးဦး အင်းအတွင်း ပိတ်မိပြီး သုံးဦးသေ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ငါးပြားပေး ကျေးရွာရှိ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုပိုင် အင်းအတွင်း အမျိုးသား လေးဦး ရွှေခိုးတူးရာက အင်းအတွင်း ပိတ်မိပြီး သုံးဦး သေဆုံးခဲ့ပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့က ပြည်သာနိုင် ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီအတွင်းရှိ အင်းအတွင်း ကျည်တောက်ပေါက် ကျေးရွာနေ အောင်မျိုးဦး အပါအဝင် လေးဦးတို့ ဝင်ရောက် ခိုးယူတူးဖော်စဉ် အင်းနံရံပြိုကျကာ ပိတ်မိနေခဲ့ပါတယ်။

တာဝန်ရှိသူတွေက အင်းထဲက ရေတွေကို ရေစုပ်စက် သုံးလုံးနဲ့ စုပ်ထုတ်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ အင်းအတွင်း ဝင်ရောက်ရှာဖွေရာမှာ အောင်မျိုးဦး (၂၇ နှစ်)၊ အောင်မြင့်သန်း (၁၉ နှစ်) နဲ့ တခြား နှစ်ဦးရဲ့ အလောင်းတွေ တွေ့ရပြီး ဇင်ဝိုင်း (၂၃ နှစ်) ကိုတော့ အသက်ရှင်လျက် တွေ့ရှိခဲ့ကြပါတယ်။

အားလုံးကို ကျည်တောက်ပေါက် ဆေးရုံကို ပို့ဆောင်ကုသခဲ့ရာ ဇင်ဝိုင်းက စိုးရိမ်ဖွယ် မရှိလို့ ဆေးရုံကနေ ဆင်းခွင့်ရပါတယ်။ သေဆုံးမှုကို လက်ပန်လှ ရဲကင်းစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)