
0
408


…………………. ။ ။ …………………..
ချမ်းမြသာစည်မှာ ရထားတွဲဟောင်း ၄ တွဲ မီးလောင်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့ဟောင်းဘူတာ အတွင်းရှိ ပျက်စီးလို့ ရပ်ထားတဲ့ ရထားတွဲဟောင်း ၄ တွဲ မီးလောင်မှု ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ဖြစ်ပွားခဲ့ပါတယ်။

ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ သွားရောက်ပြီး မီးသတ်ယာဉ် ၃၂ စီးနဲ့ ငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်း ဖြစ်စဉ်ကို မြန်မာ့ မီးရထားဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)