ဘဂၤလားေဒရွ္႕ေျပာတဲ့ လူဦးေရအတုိင္း လက္မခံဘူးလို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ေျပာ

0
483

ဘဂၤလားေဒရွ္႕ႏုိင္ငံဘက္က ေျပာတဲ့ လူဦးေရအတုိင္း လက္ခံလိုမရဘူးလို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေဒသခံတုိင္းရင္းသား ရခုိင္မ်ားနဲ႔ ဘဂၤါလီလူမ်ိဳးမ်ား ႏွစ္ဖက္စလုံးက လက္ခံႏုိင္တဲ့ အေျခအေနရွိဖို႔ လုိအပ္ၿပီး ျမန္မာႏိုင္ငံသားစစ္စစ္မ်ား ျဖစ္တဲ့ ေဒသခံ ရခုိင္တုိင္းရင္းသားမ်ားရဲ႕ ဆႏၵကုိ အေလးထားရမယ္လုိ႔ ေျပာခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္နဲ႔ ေတြဆံုခ်ိန္မွာ အခုလို ထည့္သြင္းေျပာဆုိခဲ့တာ ျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ၁၉၇၈ ခုႏွစ္ကလည္း ယခုကဲ့သုိ႔ အလားတူ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ၿပီး အဲဒီအခ်ိန္က ျမန္မာႏုိင္ငံဘက္မွ ေကာက္ယူထားတဲ့စာရင္းအရ လူဦးေရ ၁၅၆၆၃၀ ဦး ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ဆီ ထြက္ေျပးခဲ့ေပမယ့္ ႏွစ္ႏုိင္ငံ သေဘာတူညီခ်က္အရ ျပန္လည္စိစစ္ လက္ခံခ်ိန္မွာ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္မွ အဆုိျပဳခ်က္အရလူဦးေရ ၁၈၆၉၀၀ ေက်ာ္အား လက္ခံခဲ့ရလို႔ လူဦးေရ ၃၀၀၀၀ ေက်ာ္ ပုိမုိလက္ခံခဲ့ရတယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္။
…………………. ။ ။ ………………

ဘင်္ဂလားဒေရှ့်ပြောတဲ့ လူဦးရေအတိုင်း လက်မခံဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ပြော

ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က ပြောတဲ့ လူဦးရေအတိုင်း လက်ခံလိုမရဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေသခံတိုင်းရင်းသား ရခိုင်များနဲ့ ဘင်္ဂါလီလူမျိုးများ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အခြေအနေရှိဖို့ လိုအပ်ပြီး မြန်မာနိုင်ငံသားစစ်စစ်များ ဖြစ်တဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ ဆန္ဒကို အလေးထားရမယ်လို့ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်နဲ့ တွေဆုံချိန်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၁၉၇၈ ခုနှစ်ကလည်း ယခုကဲ့သို့ အလားတူ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်က မြန်မာနိုင်ငံဘက်မှ ကောက်ယူထားတဲ့စာရင်းအရ လူဦးရေ ၁၅၆၆၃၀ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ဆီ ထွက်ပြေးခဲ့ပေမယ့် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်စိစစ် လက်ခံချိန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အဆိုပြုချက်အရလူဦးရေ ၁၈၆၉၀ဝ ကျော်အား လက်ခံခဲ့ရလို့ လူဦးရေ ၃၀ဝ၀ဝ ကျော် ပိုမိုလက်ခံခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)