အေမရိကန္က ျမန္မာကို ေနာက္ထပ္ အေမရိကန္ ေဒၚလာ ၄၇ သန္း ကူညီေပးမယ္

0
393

အေမရိကန္ႏိုင္ငံက ျမန္မာႏုိင္ငံအေပၚ အေမရိကန္ေဒၚလာ ၄၇ သန္း ထပ္မံေပးအပ္သြားမယ္လုိ႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္က ေျပာပါတယ္။

ဝန္ႀကီး တီလာဆန္နဲ႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ မေန႔က ေအာက္တိုဘာ ၁၅ ရက္ ေနျပည္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးမႈအတြင္း အခုလုိ ေျပာသြားတာျဖစ္ပါတယ္။ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးက အေမရိကန္အစိုးရ အေနနဲ႔ ရခိုင္ျပည္နယ္မွာ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီအျဖစ္ ၾသဂုတ္လ ၂၅ ရက္ေန႔အထိ အေမရိကန္ေဒၚလာ ၈၇ သန္း ေပးအပ္ခဲ့ၿပီး ျဖစ္တယ္လို႔ ေျပာပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ၾကီးက အၾကမ္းဖက္မႈေတြ ျဖစ္ပြားၿပီးေနာက္ တစ္ဖက္ႏိုင္ငံသို႔ ေနရပ္စြန္႔ခြာ ထြက္ေျပးသူေတြ ျပန္လည္လက္ခံေရး အတြက္ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔အၾကား ညွိႏိႈင္းေဆြးေႏြးေနမႈမ်ားကို ႀကိဳဆိုတယ္လို႔ေျပာခဲ့ပါတယ္။
……………………။ ။ ……………………..

အမေရိကန်က မြန်မာကို နောက်ထပ် အမေရိကန် ဒေါ်လာ ၄၇ သန်း ကူညီပေးမယ်
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အမေရိကန်ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ပြောပါတယ်။

ဝန်ကြီး တီလာဆန်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က အောက်တိုဘာ ၁၅ ရက် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုအတွင်း အခုလို ပြောသွားတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အစိုးရ အနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် သြဂုတ်လ ၂၅ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၈၇ သန်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ ပြန်လည်လက်ခံရေး အတွက် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ညှိနှိုင်းဆွေးနွေးနေမှုများကို ကြိုဆိုတယ်လို့ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)