ေခ်ာင္းသာ ဆင္ အပန္းေျဖစခန္း ေလ့လာႏိုင္

0
586

ပုသိမ္-ေခ်ာင္းသာ ကားလမ္းမွာ ေခ်ာင္းသာ ဆင္ အပန္းေျဖစခန္းကို ဖြင့္လွစ္ထားၿပီး ေခ်ာင္းသာကို သြားမယ့္သူေတြ လမ္းမွာ ရပ္နားကာ ဝင္ေရာက္ ေလ့လာႏိုင္ၿပီ ျဖစ္ပါတယ္။

သယံဇာတႏွင့္ သဘာ၀ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ ျမန္မာ့သစ္လုပ္ငန္း၊ ဧရာဝတီတိုင္း ပုသိမ္ သစ္ထုတ္ေရး ေဒသနဲ႔ ပုဂၢလိက လုပ္ငန္းရွင္တို႔က အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္ၿပီး ပုသိမ္-ေခ်ာင္းသာ ကားလမ္း မိုင္တိုင္အမွတ္ (၂၆) မိုင္ (၆) ဖာလုံမွာ ႏိုဝင္ဘာ ၁ ရက္ေန႔ကစၿပီး ဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။

ဆင္စခန္းမွာ ဌာနပိုင္ ဆင္ ငါးေကာင္ရွိၿပီး ဆင္ေတြရဲ႕ သဘာဝေတြကို ေလ့လာျခင္း၊ အစာစားျခင္း၊ ဆင္စီးၿပီး သဘာဝ ပတ္ဝန္းက်င္ ေလ့လာျခင္း၊ အပန္းေျဖ အနားယူျခင္းေတြ ျပဳလုပ္ႏိုင္ပါတယ္။ ဆင္ အပမ္းေျဖစခန္းကို ေန႔စဥ္ ဖြင့္လွစ္ထားၿပီး ျပည္တြင္း ဧည့္သည္ ၁ ေထာင္က်ပ္၊ ႏိုင္ငံျခားသား ဧည့္သည္ဆိုရင္ အေမရိကန္ ေဒၚလာ ၅ ေဒၚလာ ေပးၿပီး ဝင္ၾကည့္ႏိုင္ပါတယ္။
………………….. ။ ။ …………………….

ချောင်းသာ ဆင် အပန်းဖြေစခန်း လေ့လာနိုင်

ပုသိမ်-ချောင်းသာ ကားလမ်းမှာ ချောင်းသာ ဆင် အပန်းဖြေစခန်းကို ဖွင့်လှစ်ထားပြီး ချောင်းသာကို သွားမယ့်သူတွေ လမ်းမှာ ရပ်နားကာ ဝင်ရောက် လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ဧရာဝတီတိုင်း ပုသိမ် သစ်ထုတ်ရေး ဒေသနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တို့က အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ပုသိမ်-ချောင်းသာ ကားလမ်း မိုင်တိုင်အမှတ် (၂၆) မိုင် (၆) ဖာလုံမှာ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဆင်စခန်းမှာ ဌာနပိုင် ဆင် ငါးကောင်ရှိပြီး ဆင်တွေရဲ့ သဘာဝတွေကို လေ့လာခြင်း၊ အစာစားခြင်း၊ ဆင်စီးပြီး သဘာဝ ပတ်ဝန်းကျင် လေ့လာခြင်း၊ အပန်းဖြေ အနားယူခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဆင် အပမ်းဖြေစခန်းကို နေ့စဉ် ဖွင့်လှစ်ထားပြီး ပြည်တွင်း ဧည့်သည် ၁ ထောင်ကျပ်၊ နိုင်ငံခြားသား ဧည့်သည်ဆိုရင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ပေးပြီး ဝင်ကြည့်နိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)