မင္းျပားၿမိဳ႕နယ္ ကားလမ္းမွာ မိုင္း သံုးလံုး ေပါက္ကြဲ၊ လူထိခိုက္မႈ မရွိ

0
416

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္၊ ကမ္းနီကေန ေဆးပစၥည္းေတြ တင္ေဆာင္လာတဲ့ တပ္မေတာ္ ေထာက္ပံ့ေရး ေမာ္ေတာ္ယာဥ္ သံုးစီး ရန္ကုန္-စစ္ေတြ ကားလမ္း မိုင္တိုင္ အမွတ္ ၈၄/၄ အနီးေရာက္ခ်ိန္ အုတ္ခံုတံတားမွာ မိုင္း သံုးလံုး ေပါက္ကြဲခဲ့ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၅ ရက္ေန႔က ျဖစ္ပြားတဲ့ ေပါက္ကြဲမႈေၾကာင့္ ေဒါင္ဖန္းယာဥ္ တစ္စီးနဲ႔ ေဖာယာဥ္ ႏွစ္စီးတို႔ ေရွ႕ေလကာမွန္ မိုင္းစ ၁၂ ခ်က္ ထိမွန္ အက္ကြဲတာ၊ ေမာ္ေတာ္ယာဥ္ ကိုယ္ထည္ ေပါက္ထြက္တာ၊ ေလကာမွန္ ကြဲတာ၊ေရွ႕တံခါးမွန္ ႏွစ္ခ်ပ္ ပ်က္စီးတာ၊ မိုင္းစ အခ်က္ ၃၀ ထိမွန္ၿပီး ေနာက္ဘီးေပါက္တာ၊ ေနာက္ၾကည့္မွန္မ်ား မိုင္းစ ထိမွန္တာေတြ ျဖစ္ခဲ့ပါတယ္။

မိုင္းေပါက္ကြဲမႈေတြေၾကာင့္ ေမာ္ယာဥ္ သံုးစီးေပၚ လိုက္ပါလာတဲ့ တပ္ဖြဲ႔ဝင္ေတြနဲ႔ မိသားစုဝင္ေတြ ထိခိုက္ဒဏ္ရာရမႈေတာ့ မရွိပါဘူး။
………………… ။ ။ ……………………

မင်းပြားမြို့နယ် ကားလမ်းမှာ မိုင်း သုံးလုံး ပေါက်ကွဲ၊ လူထိခိုက်မှု မရှိ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီကနေ ဆေးပစ္စည်းတွေ တင်ဆောင်လာတဲ့ တပ်မတော် ထောက်ပံ့ရေး မော်တော်ယာဉ် သုံးစီး ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင် အမှတ် ၈၄/၄ အနီးရောက်ချိန် အုတ်ခုံတံတားမှာ မိုင်း သုံးလုံး ပေါက်ကွဲခဲ့ပါတယ်။

မနေ့က နိုဝင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် ဒေါင်ဖန်းယာဉ် တစ်စီးနဲ့ ဖောယာဉ် နှစ်စီးတို့ ရှေ့လေကာမှန် မိုင်းစ ၁၂ ချက် ထိမှန် အက်ကွဲတာ၊ မော်တော်ယာဉ် ကိုယ်ထည် ပေါက်ထွက်တာ၊ လေကာမှန် ကွဲတာ၊ရှေ့တံခါးမှန် နှစ်ချပ် ပျက်စီးတာ၊ မိုင်းစ အချက် ၃၀ ထိမှန်ပြီး နောက်ဘီးပေါက်တာ၊ နောက်ကြည့်မှန်များ မိုင်းစ ထိမှန်တာတွေ ဖြစ်ခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုတွေကြောင့် မော်ယာဉ် သုံးစီးပေါ် လိုက်ပါလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိခိုက်ဒဏ်ရာရမှုတော့ မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)