
0
326



………………. ။ ။ ……………..
ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသား ဝင်ကြေး ၁ သောင်းနှုန်း တိုးမြှင့် ကောက်ခံမယ်

ရွှေတိဂုံ စေတီတော်ကို လာရောက်လိုတဲ့ ကမ္ဘာလှည့် ခရီးသွား နိုင်ငံခြားသားတွေ ပေးဆောင်ရတဲ့ ဝင်ကြေးကို ၈ ထောင်ကျပ်ကနေ ၁ သောင်းကျပ် ပြောင်းလဲ ကောက်ခံတော့မှာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး နှုန်းထားသစ်နဲ့ ပြောင်းလဲ ကောက်ခံမှာ ဖြစ်ပါတယ်။ တိုးမြှင့် ကောက်ခံမယ့်အကြောင်း ဧည့်သည်နဲ့ ဧည့်လမ်းညွှန်တွေ သိရှိအောင် စောင်းတန်းတွေမှာ ဆိုင်းဘုတ်နဲ့ ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ရွှေတိဂုံ စေတီတော်ကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား ၅၆၃၉၈ ဦး လာရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)