သံုးေလာင္းၿပိဳင္ လူသတ္မႈ က်ဴးလြန္သူ ဖမ္းမိ

0
356

ရန္ကုန္တိုင္း၊ လိႈင္ၿမိဳ႕နယ္၊ (၉) ရပ္ကြက္ရွိ လိႈင္သီရိအိမ္ယာမွာ ျဖစ္ပြားခဲ့တဲ့ သံုးေလာင္းၿပိဳင္ လူသတ္မႈနဲ႔ လုယက္မႈ က်ဴးလြန္သူကို အခင္းျဖစ္ပြားေၾကာင္း သိရွိၿပီးေနာက္ ရန္ကုန္တိုင္း ရဲသတ္ဖြဲ႔က ၃ နာရီအတြင္း စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။

အပုပ္နံ႔ ထြက္ေနတယ္လို႔ အနီးတိုက္ခန္းေနသူေတြက သက္ဆိုင္ရာကို ဆက္သြယ္ အေၾကာင္းၾကားခဲ့တဲ့အတြက္ အခန္းရွင္ကို ဖုန္းဆက္ေပမယ့္ ဆက္သြယ္လို႔ မရလို႔ အခန္းေသာ့ကို ဖ်က္ၿပီး စစ္ေဆးၾကည့္႐ႈခဲ့ၾကပါတယ္။ တိုက္ခန္းထဲမွာ မေကသီလိႈင္ (၄၀ ႏွစ္)၊ သမီးျဖစ္သူ မသာယာထြန္း (၉ ႏွစ္)၊ အလုပ္သမျဖစ္သူ မေအးမာဦး (၂၅ ႏွစ္) တို႔ ဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကို ေတြ႔ရွိခဲ့ပါတယ္။

မေကသီလိႈင္ အလုပ္လုပ္တဲ့ စားေသာက္ဆိုင္က ဝန္ထမ္းျဖစ္သူ ဇြဲလင္းထက္ လက္မွာ ဓားဒဏ္ရာေတြ ရရွိထားေၾကာင္း သတင္းရလို႔ သူေနထိုင္တဲ့ ေရႊျပည္သာအိမ္မွာ ရွာေဖြေတြ႔ရွိၿပီး ေခၚယူစစ္ေဆးခဲ့ပါတယ္။

ဆိုင္မန္ေနဂ်ာ မေကသီလိႈင္အိမ္ကို ႏိုဝင္ဘာ ၉ ရက္ေန႔မွာ ဇြဲလင္းထက္ ေရာက္လာၿပီး လစာတိုးေပးဖို႔ ေျပာရာက စကားမ်ားၾကၿပီး မေကသီလိႈင္က ဓားနဲ႔ထိုးမယ္လုပ္စဥ္မွာ ဓားကို လုယူၿပီး မေကသီလိႈင္ေရာ၊ ဝင္ေရာက္ဟန္႔တားသူ မေအးမာဦးကိုေရာ ထိုးခဲ့တာ ျဖစ္ပါတယ္။

ထပ္ၿပီး ဝင္တားတဲ့ မသာယာထြန္းကိုလည္း ထိုးခဲ့ေပမယ့္ မေသေသးတဲ့အတြက္ အသားခုတ္ဓားနဲ႔ ထပ္ခုတ္သတ္ခဲ့တာ ျဖစ္ပါတယ္။ ဇြဲလင္းထက္ဟာ ေငြ ၄ သိန္း၊ ေရႊထည္ပစၥည္း၊ လက္ပ္ေတာ့၊ မိုဘိုင္းဖုန္း၊ ကားတို႔ကို ယူေဆာင္ၿပီး ထြက္ေျပးခဲ့ပါတယ္။
………………….. ။ ။ …………………..

သုံးလောင်းပြိုင် လူသတ်မှု ကျူးလွန်သူ ဖမ်းမိ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၉) ရပ်ကွက်ရှိ လှိုင်သီရိအိမ်ယာမှာ ဖြစ်ပွားခဲ့တဲ့ သုံးလောင်းပြိုင် လူသတ်မှုနဲ့ လုယက်မှု ကျူးလွန်သူကို အခင်းဖြစ်ပွားကြောင်း သိရှိပြီးနောက် ရန်ကုန်တိုင်း ရဲသတ်ဖွဲ့က ၃ နာရီအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

အပုပ်နံ့ ထွက်နေတယ်လို့ အနီးတိုက်ခန်းနေသူတွေက သက်ဆိုင်ရာကို ဆက်သွယ် အကြောင်းကြားခဲ့တဲ့အတွက် အခန်းရှင်ကို ဖုန်းဆက်ပေမယ့် ဆက်သွယ်လို့ မရလို့ အခန်းသော့ကို ဖျက်ပြီး စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။ တိုက်ခန်းထဲမှာ မကေသီလှိုင် (၄၀ နှစ်)၊ သမီးဖြစ်သူ မသာယာထွန်း (၉ နှစ်)၊ အလုပ်သမဖြစ်သူ မအေးမာဦး (၂၅ နှစ်) တို့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။

မကေသီလှိုင် အလုပ်လုပ်တဲ့ စားသောက်ဆိုင်က ဝန်ထမ်းဖြစ်သူ ဇွဲလင်းထက် လက်မှာ ဓားဒဏ်ရာတွေ ရရှိထားကြောင်း သတင်းရလို့ သူနေထိုင်တဲ့ ရွှေပြည်သာအိမ်မှာ ရှာဖွေတွေ့ရှိပြီး ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ဆိုင်မန်နေဂျာ မကေသီလှိုင်အိမ်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ ဇွဲလင်းထက် ရောက်လာပြီး လစာတိုးပေးဖို့ ပြောရာက စကားများကြပြီး မကေသီလှိုင်က ဓားနဲ့ထိုးမယ်လုပ်စဉ်မှာ ဓားကို လုယူပြီး မကေသီလှိုင်ရော၊ ဝင်ရောက်ဟန့်တားသူ မအေးမာဦးကိုရော ထိုးခဲ့တာ ဖြစ်ပါတယ်။

ထပ်ပြီး ဝင်တားတဲ့ မသာယာထွန်းကိုလည်း ထိုးခဲ့ပေမယ့် မသေသေးတဲ့အတွက် အသားခုတ်ဓားနဲ့ ထပ်ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဇွဲလင်းထက်ဟာ ငွေ ၄ သိန်း၊ ရွှေထည်ပစ္စည်း၊ လက်ပ်တော့၊ မိုဘိုင်းဖုန်း၊ ကားတို့ကို ယူဆောင်ပြီး ထွက်ပြေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)