ေတာင္ကိုရီးယားက သစ္သီးဝလံေတြ ျမန္မာ့ေစ်းကြက္မွာ ေရာင္းခ်မယ္

0
386

ေတာင္ကိုရီးယားက လတ္ဆတ္တဲ့ သစ္သီးဝလံ ၃၇ တန္ကို အလားအလာရွိတဲ့ ျမန္မာ့ေစ်းကြက္ထဲမွာ ျဖန္ျဖဴးေရာင္းခ်မယ္လို႔ ေတာင္ကိုရီးယား စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနက ေၾကညာပါတယ္။

ေတာင္ကိုရီးယားရဲ႕ အစားအစာ လက္လီလက္ကား ကုမၸဏီႀကီး ျဖစ္တဲ့ ဂ်ီေယာင္ဘက္ ေကာ္ပိုေရးရွင္းက ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ ပန္းသီး ၇ တန္နဲ႔ သစ္ေတာ္သီး ၈ တန္၊ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ လိေမၼာ္သီးနဲ႔ တည္သီး ၁၇ တန္ကို သေဘၤာနဲ႔ တင္ပို႔မွာ ျဖစ္ပါတယ္။ စေတာ္ဘယ္ရီ ၅ တန္ကိုေတာ့ ဒီဇင္ဘာလ အေစာပိုင္းမွာ ေလေၾကာင္းလိုင္းကေန တင္ပို႔မွာ ျဖစ္ပါတယ္။

ကိုရီးယား ေဒသတြင္း ကုမၸဏီအေနနဲ႔ အေရွ႕ေတာင္အာရွမွာ သစ္သီးဝလံ ေရာင္းခ်ေရး အေထာက္အပံ့ေပးတာ ျဖစ္ၿပီး ေစ်းကြက္ က်ယ္ျပန္႔လာဖို႔ လမ္းခင္းေပးတာ ျဖစ္တယ္လို႔ ကိုရီးယား စိုက္ပ်ိဳးေရး၊ အစားအေသာက္ႏွင့္ ေက်းလက္ေရးရာ ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။
……………….. ။ ။ …………………

တောင်ကိုရီးယားက သစ်သီးဝလံတွေ မြန်မာ့ဈေးကွက်မှာ ရောင်းချမယ်

တောင်ကိုရီးယားက လတ်ဆတ်တဲ့ သစ်သီးဝလံ ၃၇ တန်ကို အလားအလာရှိတဲ့ မြန်မာ့ဈေးကွက်ထဲမှာ ဖြန်ဖြူးရောင်းချမယ်လို့ တောင်ကိုရီးယား စိုက်ပျိုးရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

တောင်ကိုရီးယားရဲ့ အစားအစာ လက်လီလက်ကား ကုမ္ပဏီကြီး ဖြစ်တဲ့ ဂျီယောင်ဘက် ကော်ပိုရေးရှင်းက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပန်းသီး ၇ တန်နဲ့ သစ်တော်သီး ၈ တန်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာ လိမ္မော်သီးနဲ့ တည်သီး ၁၇ တန်ကို သင်္ဘောနဲ့ တင်ပို့မှာ ဖြစ်ပါတယ်။ စတော်ဘယ်ရီ ၅ တန်ကိုတော့ ဒီဇင်ဘာလ အစောပိုင်းမှာ လေကြောင်းလိုင်းကနေ တင်ပို့မှာ ဖြစ်ပါတယ်။

ကိုရီးယား ဒေသတွင်း ကုမ္ပဏီအနေနဲ့ အရှေ့တောင်အာရှမှာ သစ်သီးဝလံ ရောင်းချရေး အထောက်အပံ့ပေးတာ ဖြစ်ပြီး ဈေးကွက် ကျယ်ပြန့်လာဖို့ လမ်းခင်းပေးတာ ဖြစ်တယ်လို့ ကိုရီးယား စိုက်ပျိုးရေး၊ အစားအသောက်နှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)