က်ဴးေက်ာ္ခြင့္ ျပဳတဲ့ ဝန္ထမ္းေတြ အေရးယူခံရမယ္

0
411

ေျမကြက္လပ္ေတြမွာ က်ဴးေက်ာ္ေနအိမ္ ေဆာက္လုပ္မႈကို သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္စည္ပင္သာယာေရး ဝန္ထမ္းတို႔က မတားျမစ္ဘဲ ခြင့္ျပဳေနရင္ အေရးယူခံရမယ္လို႔ ျပည္ထဲေရး ဒု ဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုးက ေျပာပါတယ္။

ဒဂုံၿမိဳ႕သစ္ ေျမာက္ပိုင္း မဲဆႏၵနယ္က ေဒါက္တာ ခင္ေမာင္ေမာင္က ရန္ကုန္တိုင္း အတြင္းရွိ ၿမိဳ႕နယ္မ်ားမွာ ေျမကြက္လပ္ေတြကို စီးပြားေရးအရ ဝင္ေရာက္က်ဴးေက်ာ္သူေတြကို သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးနဲ႔ စည္ပင္ ဝန္ထမ္းေတြက က်ဴးေက်ာ္ခြင့္ ျပဳေနျခင္းကို ဥပေဒအရ ထိေရာက္စြာ အေရးယူရန္ အစီအစဥ္ရွိ၊ မရွိ မေန႔က ႏိုဝင္ဘာ ၁၅ ရက္မွာ ျပည္သူ႔လႊတ္ေတာ္အတြင္း ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္း ဖြံ႔ၿဖိဳးေရး သုေတသန စီမံကိန္းအရ ဌာနဆိုင္ရာ ေျမေပၚမွာ က်ဴးေက်ာ္ေနသူေတြနဲ႔ ပုဂၢလိကပိုင္ ေျမေပၚ က်ဴးေက်ာ္ေနသူေတြ ဆိုၿပီး ခြဲျခား စာရင္းေကာက္ခံထားေၾကာင္းနဲ႔ က်ဴးေက်ာ္သူေတြကို စာရင္းေကာက္ၿပီး က်ဴးေက်ာ္သက္ေသခံလက္မွတ္ စမတ္ကတ္ေတြ ထုတ္ေပးထားတယ္လို႔ ဗိုလ္ခ်ဳပ္ ေအာင္စိုးက ေျပာပါတယ္။ ထပ္မံက်ဴးေက်ာ္သူေတြကို တစ္တဲက်ဴး တစ္တဲရွင္းစနစ္နဲ႔ လုပ္ေဆာင္ေနပါတယ္။
………………….. ။ ။ ………………..

ကျူးကျော်ခွင့် ပြုတဲ့ ဝန်ထမ်းတွေ အရေးယူခံရမယ်

မြေကွက်လပ်တွေမှာ ကျူးကျော်နေအိမ် ဆောက်လုပ်မှုကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းတို့က မတားမြစ်ဘဲ ခွင့်ပြုနေရင် အရေးယူခံရမယ်လို့ ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။

ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်က ဒေါက်တာ ခင်မောင်မောင်က ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များမှာ မြေကွက်လပ်တွေကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်သူတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင် ဝန်ထမ်းတွေက ကျူးကျော်ခွင့် ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မနေ့က နိုဝင်ဘာ ၁၅ ရက်မှာ ပြည်သူ့လွှတ်တော်အတွင်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းအရ ဌာနဆိုင်ရာ မြေပေါ်မှာ ကျူးကျော်နေသူတွေနဲ့ ပုဂ္ဂလိကပိုင် မြေပေါ် ကျူးကျော်နေသူတွေ ဆိုပြီး ခွဲခြား စာရင်းကောက်ခံထားကြောင်းနဲ့ ကျူးကျော်သူတွေကို စာရင်းကောက်ပြီး ကျူးကျော်သက်သေခံလက်မှတ် စမတ်ကတ်တွေ ထုတ်ပေးထားတယ်လို့ ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။ ထပ်မံကျူးကျော်သူတွေကို တစ်တဲကျူး တစ်တဲရှင်းစနစ်နဲ့ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)