“႐ိုဟင္ဂ်ာ” ဆိုတဲ့ အသံုးအႏႈန္း မသံုးဖို႔ ပုပ္ရဟန္းမင္းႀကီး ကိုဖီ အာနန္ အႀကံေပး

0
395

ျမန္မာႏိုင္ငံကို သြားေရာက္မယ့္ ခရီးစဥ္အတြင္း ရခိုင္ျပည္နယ္ အေရး ေျပာဆိုရာမွာ “႐ိုဟင္ဂ်ာ” ဆိုတဲ့ အသံုးအႏႈန္းကို မသံုးသင့္ဘူးလို႔ ကုလသမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း မစၥတာ ကိုဖီအာနန္က အႀကံျပဳလိုက္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ႏိုဝင္ဘာ ၂၇ ရက္ေန ဒီဇင္ဘာ ၂ ရက္အတြင္း ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္တို႔ကို လာေရာက္မွာ ျဖစ္ပါတယ္။ ႏိုင္ငံေရးအရ အကဲဆတ္တဲ့အတြက္ ျမန္မာႏိုင္ငံေရာက္ရင္ ႐ိုဟင္ဂ်ာလို႔ မသံုးဖို႔ အႀကံျပဳသူ ကက္သလစ္ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေရးသမားေတြထဲမွာ ရခိုင္ျပည္နယ္ အႀကံေပးေကာ္မရွင္ ဥကၠ႒ မစၥတာ ကိုဖီအာနန္နဲ႔ ျမန္မာကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုတို႔လည္း ပါဝင္ပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၆ ရက္ေန႔က မစၥတာ ကိုဖီအာနန္နဲ႔ ပုပ္ရဟန္းမင္းႀကီးတို႔ ေတြ႔ဆံုစဥ္ အဲဒီလို အႀကံျပဳခဲ့တာ ျဖစ္ပါတယ္။ ဗာတီကန္ကေတာ့ အဲဒီလို အႀကံေပးမႈနဲ႔ ပတ္သက္လို႔ေရာ “ရခိုင္ျပည္နယ္က မြတ္စလင္” မ်ားဆိုတာကို သံုး၊ မသံုးဆိုတာေရာ တစ္စံုတစ္ရာ မွတ္ခ်က္ေပးျခင္း မရွိေသးပါဘူး။
……………….. ။ ။ ……………….

“ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်း မသုံးဖို့ ပုပ်ရဟန်းမင်းကြီး ကိုဖီ အာနန် အကြံပေး

မြန်မာနိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေး ပြောဆိုရာမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို မသုံးသင့်ဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်က အကြံပြုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ ဒီဇင်ဘာ ၂ ရက်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အကဲဆတ်တဲ့အတွက် မြန်မာနိုင်ငံရောက်ရင် ရိုဟင်ဂျာလို့ မသုံးဖို့ အကြံပြုသူ ကက်သလစ် ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးသမားတွေထဲမှာ ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်နဲ့ မြန်မာကာဒီနယ် ချားလ်စ်မောင်ဘိုတို့လည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မစ္စတာ ကိုဖီအာနန်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံစဉ် အဲဒီလို အကြံပြုခဲ့တာ ဖြစ်ပါတယ်။ ဗာတီကန်ကတော့ အဲဒီလို အကြံပေးမှုနဲ့ ပတ်သက်လို့ရော “ရခိုင်ပြည်နယ်က မွတ်စလင်” များဆိုတာကို သုံး၊ မသုံးဆိုတာရော တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)