
0
343



……………………. ။ ။ ……………………
ဖမ်းဆီးပေးရမယ့် ARSA အကြမ်းဖက်သမားစာရင်း ဘင်္ဂလားဒေ့ရှ်ကို ပေးအပ်

ARSA အကြမ်းဖက် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းအချက်အလက်တွေ၊ ဖော်ထုတ်ဖမ်းဆီးပေးရမယ့် အကြမ်းဖက်သမား တရားခံပြေးတွေရဲ့ အမည်စာရင်းကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကို မြန်မာနိုင်ငံဘက်က ပေးအပ်ခဲ့ပါတယ်။

စတုတ္ထအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ဗဟိုအဆင့် အစည်းအဝေးကို နိုဝင်ဘာ ၁၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပြီး ဖမ်းဆီးပေးရမယ့် ARSA အကြမ်းဖက် သမားစာရင်းကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ARSA အကြမ်းဖက် အဖွဲ့အစည်းနဲ့ အကြမ်းဖက်သမားတွေ အပြင် တခြားအမှုက တရားခံပြေးတွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေထံ အကြောင်းပြန်ကြားတာ၊ သတင်း အချက်အလက် ဖလှယ်တာတွေကို အလေးထား ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း တုံ့ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)