“လူမ်ိဳးတံုး သတ္ျဖတ္မႈ” အသံုးအႏႈန္း အခ်က္အလက္ ခိုင္လံုမွ အေမရိကန္ အတည္ျပဳမယ္

0
330

ရခိုင္ျပည္နယ္မွာ “လူမ်ိဳးတံုး သတ္ျဖတ္မႈ” ဆိုတဲ့ အသံုးအႏႈန္းနဲ႔ ပတ္သက္ၿပီး သတင္းအခ်က္အလက္ ခိုင္လံုမွသာ အေမရိကန္ႏိုင္ငံအေနနဲ႔ အတည္ျပဳမွာ ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္က ေျပာပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၅ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဝန္ႀကီး တီလာဆန္တို႔ရဲ႕ ပူးတြဲသတင္းစာ ရွင္းလင္းပြဲမွာ ေျပာသြားတာ ျဖစ္ပါတယ္။

လူမ်ိဳးတံုး သတ္ျဖတ္မႈဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး စံုစမ္းစစ္ေဆးမႈကို အေရးတႀကီး လုပ္ေဆာင္ဖို႔ တိုက္တြန္းလိုေၾကာင္းနဲ႔ ေနရပ္စြန္႔ခြာ ထြက္ေျပးသူမ်ား ေခ်ာေမာစြာ ျပန္လာႏိုင္ေရး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသ တည္ၿငိမ္ေအးခ်မ္းမႈ ျပန္လည္ ရရွိဖို႔ လိုေၾကာင္းလည္း ဝန္ႀကီး တီလာဆန္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“လူမျိုးတုံး သတ်ဖြတ်မှု” အသုံးအနှုန်း အချက်အလက် ခိုင်လုံမှ အမေရိကန် အတည်ပြုမယ်

ရခိုင်ပြည်နယ်မှာ “လူမျိုးတုံး သတ်ဖြတ်မှု” ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ခိုင်လုံမှသာ အမေရိကန်နိုင်ငံအနေနဲ့ အတည်ပြုမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်က ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၁၅ ရက် နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး တီလာဆန်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို အရေးတကြီး လုပ်ဆောင်ဖို့ တိုက်တွန်းလိုကြောင်းနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူများ ချောမောစွာ ပြန်လာနိုင်ရေး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိဖို့ လိုကြောင်းလည်း ဝန်ကြီး တီလာဆန်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)