ဒေါ်အောင်ဆန်းစုကြည်နှင့် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံမည်

0
380

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုဝင်ဘာ ၂၈ ရက်မှာ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

DASSK_01
‘ဘာအတွက်တွေ့ဆုံမယ်ဆိုတာ ခုထိ သေချာမသိရသေးဘူး။ ကိုယ်စားလှယ်တွေအားလုံးကတော့ အဲဒီနေ့မတိုင်ခင် ငွေစာရင်းရှင်းတမ်းအပြီးလုပ်နေရတယ်’ လို့ ကရင်ပြည်နယ်၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ဘားအံ အတွက် ရွေးချယ်ခြင်းခံရတဲ့ ဦးစောမိုးမြင့်က ပြောပါတယ်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့က လွှတ်တော်ကိုယ်စားလှယ်တွေကို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

မော့ဂျေ
ရန်ကုန်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၅

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)