(၁၁) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရး ညီလာခံကုိ ျမန္မာ တက္ေရာက္မယ္

0
96
devices -->

လာအုိႏိုင္ငံမွာ က်င္းပမယ့္  မဟာမဲေခါင္ျမစ္ဝွမ္းေဒသႏိုင္ငံေတြရဲ႕  (၁၁) ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာ ျပည္သူ႔က်န္းမာေရးညီလာခံကို   ျမန္မာႏိုင္ငံ ကုိယ္စားလွယ္အဖြဲ႕ကုိ ျပည္သူ႔က်န္းမာေရး တကၠသုိလ္ ပါေမာကၡခ်ဳပ္ ေဒါက္တာလွလွ၀င္းက ဦးေဆာင္ၿပီး သြားေရာက္မွာ ျဖစ္ပါတယ္။

ေအာက္တုိဘာလ ၁၇ ရက္ေန႔က ၁၉ ရက္ေန႔အထိ က်င္းပမယ့္ ညီလာခံမွာ ကေမာၻဒီးယား၊ လာအို၊ တ႐ုတ္၊ ျမန္မာ၊ ဗီယက္နမ္ႏွင့္ ထိုင္းႏိုင္ငံတို႔ရွိ ျပည္သူ႔က်န္းမာေရးဆိုင္ရာ တကၠသိုလ္ေတြက  ဆရာ၊ ဆရာမေတြ သုေတသနပညာရွင္ေတြ တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

ဒါအ့ျပင္ ႏိုင္ငံတကာ ျပည္သူ႔က်န္းမာေရး က႑အေျခအေနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ  အျခားႏိုင္ငံေတြရဲ႕ သုေတသန ေဆာင္႐ြက္မႈနည္းလမ္းနဲ႔ နည္းစနစ္ေတြ ကိုေလ့လာသိရွိႏိုင္မွာ ျဖစ္ေၾကာင္း နဲ႔  ႏိုင္ငံတကာက ပညာရွင္ အဖြဲ႕အစည္းေတြနဲ႔ ကြန္ရက္ခ်ိတ္ဆက္မႈကိုလည္း ပိုမိုေကာင္းမြန္ေစႏိုင္မွာ ျဖစ္ေၾကာင္း တက္ေရာက္မယ့္ ကုိယ္စားလွယ္အဖြဲ႕ကုိ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး  က ေျပာၾကားခဲ့ပါတယ္။

(၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး ညီလာခံကို မြန်မာ တက်ရောက်မယ်

လာအိုနိုင်ငံမှာ ကျင်းပမယ့် မဟာမဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေရဲ့ (၁၁) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့ကျန်းမာရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှလှဝင်းက ဦးဆောင်ပြီး သွားရောက်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့က ၁၉ ရက်နေ့အထိ ကျင်းပမယ့် ညီလာခံမှာ ကမ္ဘောဒီးယား၊ လာအို၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေ သုတေသနပညာရှင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒါအ့ပြင် နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး ကဏ္ဍအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုတွေ အခြားနိုင်ငံတွေရဲ့ သုတေသန ဆောင်ရွက်မှုနည်းလမ်းနဲ့ နည်းစနစ်တွေ ကိုလေ့လာသိရှိနိုင်မှာ ဖြစ်ကြောင်း နဲ့ နိုင်ငံတကာက ပညာရှင် အဖွဲ့အစည်းတွေနဲ့ ကွန်ရက်ချိတ်ဆက်မှုကိုလည်း ပိုမိုကောင်းမွန်စေနိုင်မှာ ဖြစ်ကြောင်း တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောကြားခဲ့ပါတယ်။