တစ္ရက္တည္းမွာ မေကြးေလတပ္စခန္းက ေလ့က်င့္ေရး ေလယာဥ္ ႏွစ္စင္း ပ်က္က်

0
960

မေကြးတိုင္း၊ မင္းဘူးၿမိဳ႕မွာ ဒီေန႔ ေအာက္တိုဘာ ၁၆ ရက္ မနက္ပိုင္းက ေလ့က်င့္ေရး စစ္ဘက္ေလယာဥ္ ႏွစ္စီး ပ်က္က်မႈ ျဖစ္ပြားခဲ့ပါတယ္။

မေကြးေလတပ္စခန္းက စစ္ဘက္သံုး ေလယာဥ္တစ္စင္း ေလ့က်င့္ပ်ံသန္းစဥ္ ဒီေန႔မနက္ ၇ နာရီ ၄၅ မိနစ္မွာ မင္းဘူးၿမိဳ႕၊ စကၠိန္းတဲဘုရား အေနာက္ဘက္အနီး ဆားပြက္ေခ်ာင္းအတြင္း ကြင္းျပင္ကို ပ်က္က်ကာ ေလယာဥ္မွဴး ေသဆံုးခဲ့ပါတယ္။ ပ်က္က်တဲ့ ေလယာဥ္ အပိုင္းအစ ထိမွန္လို႔ ပဥၥမတန္း ေက်ာင္းသူ မသြယ္ဇင္ၿငိမ္းလည္း မင္းဘူးၿမိဳ႕ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ကုသစဥ္ ကြယ္လြန္သြားပါတယ္။

အလားတူ မင္းဘူး (စကု) ၿမိဳ႕နယ္၊ သနပၸင္စုေက်း႐ြာ အေနာက္ဘက္မွာ ဒီေန႔မနက္ ၇ နာရီ ၂၅ မိနစ္ခန္႔ကလည္း မေကြးေလတပ္စခန္းက စစ္ဘက္သုံးေလယာဥ္တစ္စီး ပ်က္က်ခဲ့ၿပီး ေလယာဥ္မွဴး ေသဆုံးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်ရက်တည်းမှာ မကွေးလေတပ်စခန်းက လေ့ကျင့်ရေး လေယာဉ် နှစ်စင်း ပျက်ကျ

မကွေးတိုင်း၊ မင်းဘူးမြို့မှာ ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက လေ့ကျင့်ရေး စစ်ဘက်လေယာဉ် နှစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

မကွေးလေတပ်စခန်းက စစ်ဘက်သုံး လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်မှာ မင်းဘူးမြို့၊ စက္ကိန်းတဲဘုရား အနောက်ဘက်အနီး ဆားပွက်ချောင်းအတွင်း ကွင်းပြင်ကို ပျက်ကျကာ လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ ပျက်ကျတဲ့ လေယာဉ် အပိုင်းအစ ထိမှန်လို့ ပဉ္စမတန်း ကျောင်းသူ မသွယ်ဇင်ငြိမ်းလည်း မင်းဘူးမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသစဉ် ကွယ်လွန်သွားပါတယ်။

အလားတူ မင်းဘူး (စကု) မြို့နယ်၊ သနပ္ပင်စုကျေးရွာ အနောက်ဘက်မှာ ဒီနေ့မနက် ၇ နာရီ ၂၅ မိနစ်ခန့်ကလည်း မကွေးလေတပ်စခန်းက စစ်ဘက်သုံးလေယာဉ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)