စာရြက္စာတမ္း အတုေတြနဲ႔ ထုိင္းႏိုင္ငံကုိ အလုပ္သမား ပို႔သူေတြကို အေရးယူ

0
1054

မေကြးတုိင္းေဒသႀကီး ကံမနဲ႔ ေအာင္လံၿမိဳ႕နယ္တုိ႔က လူ ၁၁ ဦးကုိ ႏိုင္ငံကူးလက္မွတ္၊ ဗီဇာနဲ႔ အလုပ္ပါမစ္ေတြ အတုျပဳလုပ္ၿပီး ျပည္ပအက်ဳိးေဆာင္ လုိင္စင္မရွိဘဲ ေငြေၾကးရယူကာ ထုိင္းႏိုင္ငံကုိ တရားမဝင္ ပို႔ေဆာင္ေနတဲ့သူေတြကို ေအာက္တုိဘာလ ၁၄ ရက္ေန႔မွာ ေရႊေတာင္ေမွာ္နယ္ေျမရဲစခန္းက အေရးယူထားပါတယ္။

မအူပင္ၿမိဳ႕နယ္၊ ေသာင္တူေက်းရြာေန မဥမၼာသန္းက ဦးေဆာင္ၿပီး ၿပီးခဲ့တဲ့ ေမလကုန္ပုိင္းမ်ာ ေက်းရြာက လူေျခာက္ဦးကုိ ႏိုင္ငံကူးလက္မွတ္ လုပ္ေပးမယ္ဆုိၿပီး ေငြက်ပ္ငါးသိန္းစီ ရယူၿပီး ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ မွန္စက္႐ံုကုိ ပုိ႔ေဆာင္ခဲ့ပါတယ္။ အဲဒီေျခာက္ဦးရဲ႕ စာရြက္စာတမ္းေတြကုိ ထုိင္းလဝက႐ံုးကုိ ျပသတဲ့အခါ အတုေတြ ျဖစ္ေနတာေၾကာင့္ အခုလုိ အမႈဖြင့္အေရးယူတာ ျဖစ္ပါတယ္။

အလားတူ ေနာက္ထပ္ လူငါးဦးကုိ ျမဝတီဘက္ကေန ထားဝယ္ၿမိဳ႕ကုိ လုိက္လံ ပို႔ေဆာင္ခဲ့တာေၾကာင့္ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ံုးကို အကူအညီေတာင္းခံၿပီး မဥမၼာသန္းကုိ ေရႊေတာင္ေမွာ္ နယ္ေျမရဲစခန္းက ထပ္မံ အမႈဖြင့္အေရးယူထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာရွက်စာတမ်း အတုတွေနဲ့ ထိုင်းနိုင်ငံကို အလုပ်သမား ပို့သူတွေကို အရေးယူ

မကွေးတိုင်းဒေသကြီး ကံမနဲ့ အောင်လံမြို့နယ်တို့က လူ ၁၁ ဦးကို နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ အလုပ်ပါမစ်တွေ အတုပြုလုပ်ပြီး ပြည်ပအကျိုးဆောင် လိုင်စင်မရှိဘဲ ငွေကြေးရယူကာ ထိုင်းနိုင်ငံကို တရားမဝင် ပို့ဆောင်နေတဲ့သူတွေကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ရွှေတောင်မှော်နယ်မြေရဲစခန်းက အရေးယူထားပါတယ်။

မအူပင်မြို့နယ်၊ သောင်တူကျေးရွာနေ မဥမ္မာသန်းက ဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလကုန်ပိုင်းမျာ ကျေးရွာက လူခြောက်ဦးကို နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး ငွေကျပ်ငါးသိန်းစီ ရယူပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မှန်စက်ရုံကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီခြောက်ဦးရဲ့ စာရွက်စာတမ်းတွေကို ထိုင်းလဝကရုံးကို ပြသတဲ့အခါ အတုတွေ ဖြစ်နေတာကြောင့် အခုလို အမှုဖွင့်အရေးယူတာ ဖြစ်ပါတယ်။

အလားတူ နောက်ထပ် လူငါးဦးကို မြဝတီဘက်ကနေ ထားဝယ်မြို့ကို လိုက်လံ ပို့ဆောင်ခဲ့တာကြောင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို အကူအညီတောင်းခံပြီး မဥမ္မာသန်းကို ရွှေတောင်မှော် နယ်မြေရဲစခန်းက ထပ်မံ အမှုဖွင့်အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)