တပ်ချုပ်ရဲ့ စကားဟာ ရေတစ်ခွက်ထက် ရေကြည်တစ်ပေါက်သာ ဖြစ်သေးတယ်

0
959




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တပ်ချုပ်ရဲ့ စကားဟာ ရေတစ်ခွက်ထက် ရေကြည်တစ်ပေါက်သာ ဖြစ်စေတယ်

တပ်မတော်အနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စကားတစ်ခွန်းဟာ ရေတစ်ခွက်ထက်၊ ရေကြည်တစ်ပေါက်သာ ဖြစ်သေးတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးရန်ကျော်က သုံးသပ်လိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ စကားဟာ ပြည်သူတွေအတွက် ရေကြည်တစ်ပေါက်အဖြစ် မျှော်လင့်ချက် ရှိလာပြီဖြစ်ပေမယ့်၊ ရေတစ်ခွက်လောက် ပိုပြီး အားအင်ဖြစ်စေဖို့ မျှော်လင့်တယ်လို့ ဦးရန်ကျော်က MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကတိစကားအတိုင်း ထာဝရငြိမ်းချမ်းရေး အမှန်တကယ် ရသွားခဲ့ရင် မျိုးဆက်သစ် လူငယ်တွေနဲ့ တိုင်းရင်းသား လူငယ်တွေအတွက် အင်မတန်ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)