ခ်င္းဒုကၡသည္ေတြကို ကုလက ဆက္လက္ အကာအကြယ္ မေပးမယ့္အေပၚ ေဝဖန္

1
822

အိႏၵိယႏိုင္ငံနဲ႔ မေလးရွားႏိုင္ငံမွာ ဒုကၡသည္ ခံယူထားတဲ့ ခ်င္းလူမ်ိဳးေတြကို ကုလသမဂၢက ဒုကၡသည္အျဖစ္ ဆက္လက္ အသိအမွတ္ျပဳမွာ မဟုတ္ေတာ့တဲ့အေပၚ လံႈ႕ေဆာ္လႈပ္ရွားသူေတြက ေဝဖန္ေနၾကပါတယ္။


ခ်င္းျပည္နယ္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ဆက္ရွိေနလို႔ ကုလသမဂၢက ေရႊ႕ေျပာင္းေနထိုင္သူ ခ်င္းေတြကို အထူးအကာအကြယ္ေပးမႈ အဆံုးသတ္တာဟာ အခ်ိန္ေစာေနေသးတယ္လို႔ ခ်င္း လူ႔အခြင့္အေရးအဖြဲ႔ (CHRO)က ခရစ္ယာန္ ေရဒီယိုကို ေျပာပါတယ္။

မေလးရွားႏိုင္ငံမွာ ခ်င္းလူမ်ိဳး ၃ ေသာင္းကေန ၃ ေသာင္းခြဲအထိ ရွိၿပီး အိႏၵိယႏိုင္ငံ၊ နယူးေဒလီၿမိဳ႕မွာ ခ်င္းလူမ်ိဳး ၅ ေထာင္ခန္႔ ေနထိုင္ေနပါတယ္။ ၿပီးခဲ့တဲ့ ဇြန္လမွာ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) က ဒုကၡသည္ လက္မွတ္ေတြကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကစၿပီး သက္တမ္းတိုးမေပးေတာ့ဘူးလို႔ ေၾကညာလိုက္တဲ့အတြက္ ခ်င္းမိသားစုေတြဟာ ေနရပ္ျပန္ဖို႔ပဲ ေရြးခ်ယ္စရာ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချင်းဒုက္ခသည်တွေကို ကုလက ဆက်လက် အကာအကွယ် မပေးမယ့်အပေါ် ဝေဖန်

အိန္ဒိယနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ ဒုက္ခသည် ခံယူထားတဲ့ ချင်းလူမျိုးတွေကို ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် ဆက်လက် အသိအမှတ်ပြုမှာ မဟုတ်တော့တဲ့အပေါ် လှုံ့ဆော်လှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။

ချင်းပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေလို့ ကုလသမဂ္ဂက ရွှေ့ပြောင်းနေထိုင်သူ ချင်းတွေကို အထူးအကာအကွယ်ပေးမှု အဆုံးသတ်တာဟာ အချိန်စောနေသေးတယ်လို့ ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) က ခရစ်ယာန် ရေဒီယိုကို ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ချင်းလူမျိုး ၃ သောင်းကနေ ၃ သောင်းခွဲအထိ ရှိပြီး အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ချင်းလူမျိုး ၅ ထောင်ခန့် နေထိုင်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် လက်မှတ်တွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကစပြီး သက်တမ်းတိုးမပေးတော့ဘူးလို့ ကြေညာလိုက်တဲ့အတွက် ချင်းမိသားစုတွေဟာ နေရပ်ပြန်ဖို့ပဲ ရွေးချယ်စရာ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.