ျမန္မာႏုိင္ငံအေပၚ ဥေရာပ သမဂၢ ကူညီေထာက္ပံ့ ေပးသြားမယ္

0
374

ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္းကူးေျပာင္းမႈ၊ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး နဲ႔ လူမူစီးပြားဖြံၿဖိဳးေရးလုပ္ငန္းေတြကို ဆက္လက္ကူညီေထာက္ပံေပးသြားမယ္လို႔ ဥေရာပ သမဂၢက ထပ္မံကတိျပဳခဲ့ပါတယ္။

ဥေရာပ သမဂၢဟာ ရခုိင္အေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၿပီးေနာက္ အခုလိုမ်ိဳးဆံုးျဖတ္ခဲ့ တာျဖစ္ပါတယ္။ ဒါ့အျပင္ ဥေရာပ သမဂၢအေနနဲ႔ ရခုိင္ျပည္နယ္ အၾကံေပးေကာ္မရွင္ရဲ႕ အၾကံျပဳ ခ်က္ေတြကို အျပည့္အဝ အေကာင္ထည္ေဖာ္ႏုိင္ဖို႔ ျမန္မာအစိုးရကို ကူညီေထာက္ပံေပးဖုိ႔ ရွိေနပါတယ္။

ၾသဂုတ္လ ၂၅ ရက္ေန႔က ရခုိင္ျပည္နယ္မွာ တုိက္ခိုက္မႈျဖစ္ခဲ့ၿပီးေနာက္ လူသိန္းခ်ီ ထြက္ေျပး ခဲ့ရၿပီးေနာက္ တုိက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔ ဥေရာပ သမဂၢက ထုတ္ျပန္ခ်က္ထဲ မွာ ေဖာ္ျပထားပါတယ္။

ရခုိင္ျပည္နယ္ မွာျဖစ္ေနတဲ့တုိက္ခုိက္မႈေတြ ခ်က္ျခင္းရပ္တန္႔ဖို႔ ပါဝင္ေနတဲ့အဖြဲ႔အစည္းအားလံုးကို တိုက္တြန္းမႈေတြလုပ္ခဲ့ၿပီး ျမန္မာအစိုးရအေနနဲ႔ နယ္ေျမရွင္းလင္းတာေတြကိုရပ္တန္႔ဖို႔ နဲ႔ အရပ္သား ေတြကို အကာကြယ္ေပးဖုိ႔ေတာင္းဆုိထားပါတယ္။
………………….. ။ ။ …………………..

မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂ ကူညီထောက်ပံပေးသွားမယ်
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု၊ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး နဲ့ လူမူစီးပွားဖွံဖြိုးရေးလုပ်ငန်းတွေကို ဆက်လက်ကူညီထောက်ပံပေးသွားမယ်လို့ ဥရောပ သမ္မ ဂက ထပ်မံကတိပြုခဲ့ပါတယ်။

ဥရောပ သမဂ္ဂဟာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးနောက် အခုလိုမျိုးဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပ သမ္မဂအနေနဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ အကြံပြု ချက်တွေကို အပြည့်အဝအကောင်ထည်ဖော်နိုင်ဖို့ မြန်မာအစိုးရကို ကူညီထောက်ပံပေးဖို့ ရှိနေပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် လူသိန်းချီ ထွက်ပြေး ခဲ့ရပြီးနောက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ဥရောပ သမဂ္ဂက ထုတ်ပြန်ချက်ထဲ မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးကို တိုက်တွန်းမှုတွေလုပ်ခဲ့ပြီး မြန်မာအစိုးရအနေနဲ့ နယ်မြေရှင်းလင်းတာတွေကိုရပ်တန့်ဖို့ နဲ့ အရပ်သား တွေကို အကာကွယ်ပေးဖို့တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)