KNU အဖြဲ႕ ဦးသိန္းစိန္နဲ႔ ေတြ႕ဆံု

0
398

KNU ကရင္အမ်ဳိးသား အစည္းအရုံး ဥကၠ႒ ဗုိလ္ခ်ဳပ္ႀကီး ေစာမူတူးေစးဖုိး ေခါင္းေဆာင္တဲ့ ကိုယ္စား လွယ္အဖြဲ႔ဟာ ေအာက္တိုဘာ ၁၆ ရက္ ဒီေန႔မွာ သမၼတေဟာင္း ဦးသိန္းစိန္နဲ႔အဖြဲ႔ကို သြားေရာက္ေတြ႔ ဆံုခဲ့ပါတယ္။

ကရင္ေနရွင္နယ္ အင္တာနက္စာမ်က္ႏွာမွာ ဦးသိန္းစိန္နဲ႔ သြားေရာက္ေတြ႔ဆံုေနပံု ဓာတ္ပံုေတြ တင္ထားေပမယ့္ ဘာေတြ ေျပာဆိုေဆြးေႏြးၾကတယ္ဆိုတာေတာ့ ေဖာ္ျပ မထားပါဘူး။

ဦးသိန္းစိန္နဲ႔ အစိုးရအဖြဲ႔၀င္ေဟာင္းတခ်ိဳ႔ကို NCA ၂ ႏွစ္ျပည့္အခမ္းအနားတက္ဖို႔ အစိုးရက ဖိတ္ေပ မယ့္ ဒုသမၼတေဟာင္း ႏွစ္ေယာက္ကလြဲျပီး က်န္တဲ့သူေတြ တက္တာ မေတြ႔ခဲ့ရပါဘူး။(USA)
……………… ။ ။ ………………

KNU အဖွဲ့ ဦးသိန်းစိန်နဲ့ တွေ့ဆုံ
KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ခေါင်းဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၆ ရက် ဒီနေ့မှာ သမ္မတဟောင်း ဦးသိန်းစိန်နဲ့အဖွဲ့ကို သွားရောက်တွေ့ ဆုံခဲ့ပါတယ်။

ကရင်နေရှင်နယ် အင်တာနက်စာမျက်နှာမှာ ဦးသိန်းစိန်နဲ့ သွားရောက်တွေ့ဆုံနေပုံ ဓာတ်ပုံတွေ တင်ထားပေမယ့် ဘာတွေ ပြောဆိုဆွေးနွေးကြတယ်ဆိုတာတော့ ဖော်ပြ မထားပါဘူး။

ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတချို႔ကို NCA ၂ နှစ်ပြည့်အခမ်းအနားတက်ဖို့ အစိုးရက ဖိတ်ပေ မယ့် ဒုသမ္မတဟောင်း နှစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေ တက်တာ မတွေ့ခဲ့ရပါဘူး။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)