ရခိုင္ဖြံ႕ၿဖိဳးေရးစီမံကိန္း စတင္အေကာင္အထည္ေဖာ္ လုပ္ေဆာင္လို႔ အစိုးရ ေျပာ

0
419

ရခိုင္ျပည္နယ္ အတြင္း လူသားခ်င္းစာနာမႈ အကူအညီ အေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး၊ ဖြံ႕ၿဖိဳး တိုးတက္ေရး စီမံကိန္း လုပ္ငန္းမ်ားကို ေအာက္တိုဘာ ၁၅ ရက္ကစျပီး အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနျပီလို႔ အစိုးရက ေၾကညာလိုက္ပါတယ္။

ေအာက္တိုဘာ ၁၃ ရက္ကလုပ္ခဲ့တဲ့ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ Arria Formula အစည္းအေဝးမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ အထူးကိုယ္စားလွယ္၊ ျပည္ေထာင္စုအစိုးရအဖြဲ႔ရဲ႕ အမ်ိဳးသားလံုျခံဳေရးဆိုင္ရာ အၾကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္းက ေျပာခဲ့တာ ျဖစ္ပါတယ္။

အစိုးရအေနနဲ႔ ရခိုင္မွာ ခ်က္ခ်င္းေဆာင္႐ြက္သြားမယ့္ အဓိက လုပ္ငန္းသုံးခုကို ခ်မွတ္ခဲ့ျပီး ဒုကၡသည္မ်ား ျပန္လည္ လက္ခံေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေပးအပ္ေရး၊ တိမ္းေရွာင္ေန တဲ့ အသိုက္အဝန္းမ်ားအားလုံးအတြက္ ျပန္လည္ေနရာခ်ထားေရးႏွင့္ ျပန္လည္ ထူေထာင္ေရး၊ ရခိုင္ျပည္နယ္ ေရရွည္ တည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး တို႔ျဖစ္ပါတယ္။

ဒီယႏၲရားအရ အစိုးရ၊ ျပည္သူ၊ ပုဂၢလိက က႑၊ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား၊ အရပ္ဖက္ လူမႈ႔အဖြဲ႕အစည္းမ်ား၊ ဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ မိတ္ဖက္မ်ား၊ ကုလသမဂၢ ေအဂ်င္စီမ်ား၊ ႏိုင္ငံတကာ အစိုးရ မဟုတ္ေသာ အဖြဲ႕အစည္းမ်ား အၾကား ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကမွာ ျဖစ္ပါတယ္။

……………….. ။ ။ ……………….

ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းများကို အောက်တိုဘာ ၁၅ ရက်ကစပြီး အကောင်အထည်ဖော် လုပ်ဆောင်နေပြီလို့ အစိုးရက ကြေညာလိုက်ပါတယ်။

အောက်တိုဘာ ၁၃ ရက်ကလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Arria Formula အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အထူးကိုယ်စားလှယ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ရခိုင်မှာ ချက်ချင်းဆောင်ရွက်သွားမယ့် အဓိက လုပ်ငန်းသုံးခုကို ချမှတ်ခဲ့ပြီး ဒုက္ခသည်များ ပြန်လည် လက်ခံရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေး၊ တိမ်းရှောင်နေ တဲ့ အသိုက်အဝန်းများအားလုံးအတွက် ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေး၊ ရခိုင်ပြည်နယ် ရေရှည် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ဖြစ်ပါတယ်။

ဒီယန္တရားအရ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ကဏ္ဍ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှု့အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မိတ်ဖက်များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အကြား ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)