
0
398



…………………. ။ ။ …………………….

လွှတ်တော်မှာ ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ရေး တင်ပြ ဆွေးနွေးဖို့ ရှိ
အောက်တိုဘာ ၁၇ရက် မနက်ဖန်မှာ စတင်ကျင်းပပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ဦးထင်ကျော်ပေးပို့ထားတဲ့ ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ရေး သဝဏ်လွှာကို တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ သဝဏ်လွှာပေးပို့ ထားတာဖြစ်ပြီး ဘဏ္ဍာနှစ်ကို ဧပြီ ၁ ရက်က မတ်လ ၃၁ ရက်အစား အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်သို့ ပြောင်းလဲသတ်မှတ်ဖို့ ဖော်ပြထားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို ဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ဖို့ အစိုးရအဖွဲ့က သဘောတူပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)