
0
353



………………….. ။ ။ ……………………..

မောင်တောမှာ အိမ်အလုံး ၅၀ဝ ကျော် ဆောက်လုပ်ပြီး
မောင်တောဒေသအတွင်းမှာ အစိုးရက အိမ်ခြေ ၅၀ဝ ကျော် ဆောက်လုပ်ပေးထားပြီးဖြစ်တယ်လို့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

တည်ဆောက်ပြီးခဲ့တဲ့ အိမ်ရာ များကတော့ မောင်တောမြို့နယ် ကိုင်းကြီး ကျေးရွာမှာ ၃၆ လုံး၊ ရွှေဗဟိုလ်ကျေးရွာ မှာ အလုံး ၅ဝ၊ တောင်ပြိုလက်ဝဲမြို့မှာ ၇၄ လုံး၊ အထက်ပြူးမကျေးရွာမှာ အလုံး ၃ဝ၊ သရေကုန်းဘောင်ကျေးရွာမှာ ၁၂ လုံး၊ သုခမြိုင်ကျေးရွာမှာ ၃၅ လုံး၊ နန်းရာ ကိုင်းကျေးရွာမှာ အလုံး ၅ဝ၊ မြို့သစ် ကျေးရွာမှာ ၂၅ လုံး၊ လောင်းဒုံကျေးရွာမှာ အလုံး ၄ဝ၊ အောင်သာယာကျေးရွာမှာ ၄၃ လုံး၊ အောင်မင်္ဂလာကျေးရွာမှာ လေးလုံး၊ ဂေါ်ရခါးကျေးရွာမှာ ငါးလုံး အပါအဝင် စုစုပေါင်း ၅ဝ၄ လုံး ဖြစ်ပါတယ်။

ဒါ့အပြင် ဘူးသီးတောင် မြို့နယ်မှာ စုစုပေါင်း အိမ်အလုံး ၆ဝ ဆောက်လုပ်ပေးခဲ့ပြီး ရသေ့တောင် မြို့နယ်မှာတော့ စုစုပေါင်း ၁ဝ၉ လုံး တည်ဆောက်ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)