တတိယပင္လံုမွာ ဖက္ဒရယ္မူေတြ အၿပီးသတ္ခ်မွတ္ႏိုင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
361

လာမယ့္(၃)ႀကိမ္ေျမာက္ ပင္လံုညီလာခံမွာ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူေတြ အျပီးအျပတ္ ခ်မွတ္ႏိုင္တဲ့ အထိ ရည္မွန္းခ်က္ထား ၾကဳိးပမ္းေဆာင္ရြက္ သြားၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

ေအာက္တိုဘာ ၁၅ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ Nationwide Ceasefire Agreement လက္မွတ္ေရးထိုးျခင္း (၂)ႏွစ္ေျမာက္ အထိမ္းအမွတ္ေန႕ အခမ္းအနားမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

အခုႏွစ္အတြင္း တတိယအႀကိမ္ညီလာခံတခုလုပ္ဖို႔ရွိျပီး ေနာင္ႏွစ္ထဲမွာလည္း အလားတူ ညီလာခံ ၂ ႀကိမ္ လုပ္ဖို႔ ရွိတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

NCA လက္မွတ္ေရးထုိးၿပီး (၂)ႏွစ္ျပည့္ အခါသမယကို ေရာက္ရွိခဲ့ျပီး ေနာက္ျပန္ဆုတ္ဖို႕ရာ မရွိဘူး။ ေရွ႕ကို ေရာက္ေအာင္၊ ခရီးေပါက္ေအာင္ ဆက္ျပီး ေလွ်ာက္လွမ္းဖို႔ပဲ ရွိတယ္။ ဒီၾကားထဲမွာ အခက္အခဲ အမ်ဳိးမ်ဳိး၊ စိန္ေခၚမႈအဖုံဖုံ ၾကဳံေတြ႕လာရင္လည္း အျပန္အလွန္ရိုင္းပင္းစာနာမႈနဲ႕ ေဖးမကူညီၾကပါလုိ႔႔ ေမတၱာရပ္ခံခ်င္ပါတယ္လို႔လည္း ေျပာခဲ့ပါတယ္။

ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ NCA ၂ ႏွစ္ျပည့္အခန္းအနားကို အစိုးရ၊ တပ္မေတာ္နဲ႔ အပစ္ရပ္ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ ၈ ခုက ကိုယ္စားလွယ္ေတြ လႊတ္ေတာ္ ဥကၠ႒တြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သံတမန္ေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြ စုစုေပါင္း ၄၀၀ ခန္႔ တက္ေရာက္ခဲ့ၾကပါတယ္။
…………………….. ။ ။ ………………………….

တတိယပင်လုံမှာ ဖက်ဒရယ်မူတွေ အပြီးသတ်ချမှတ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

လာမယ့်(၃)ကြိမ်မြောက်ပင်လုံညီလာခံမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်နိုင်တဲ့ အထိ ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် Nationwide Ceasefire Agreement လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အတွင်း တတိယအကြိမ်ညီလာခံတခုလုပ်ဖို့ရှိပြီး နောင်နှစ်ထဲမှာလည်း အလားတူ ညီလာခံ ၂ ၂ ကြိမ် လုပ်ဖို့ ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

NCA လက်မှတ်ရေးထိုးပြီး (၂)နှစ်ပြည့် အခါသမာယကို ရောက်ရှိခဲ့ပြီး နောက်ပြန်ဆုတ်ဖို့ရာ မရှိဘူး။ ရှေ့ကို ရောက်အောင်၊ ခရီးပေါက်အောင် ဆက်ပြီး လျှောက်လှမ်းဖို့ပဲ ရှိတယ်။ ဒီကြားထဲမှာ အခက်အခဲ အမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံ ကြုံတွေ့လာရင်လည်း အပြန်အလှန်ရိုင်းပင်းစာနာမှုနဲ့ ဖေးမကူညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

နေပြည်တော်မှာလုပ်ခဲ့တဲ့ NCA ၂ နှစ်ပြည့်အခန်းအနားကို အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၈ ခုက ကိုယ်စားလှယ်တွေ လွှတ်တော် ဥက္ကဋ္ဌတွနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သံတမန်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စုစုပေါင်း ၄၀ဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)