ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ quarantine ဝင်ပြီးသူတွေကို နေရပ်ပြန်ဖို့ လွှဲအပ်

0
160

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ဇီးပင်ကြီးမှာ ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိသူတွေကို Facility quarantine ထားရှိဆောင်ရွက်လျက်ရှိပြီး ဇွန်လ ၁၅ ရက်နေ့က Facility quarantine ၂၁ ရက်ပြည့်သူတွေကို သက်ဆိုင်ရာသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Facility quarantine ၂၁ ရက်ပြည့်လို့ နေရပ် အသီးသီး ပြန်ကြမယ့်သူတွေကို ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ကျောင်းအုပ်ကြီးတို့က နှုတ်ဆက် အားပေးစကားပြောကြားပြီး နေအိမ်ရောက်ရှိတဲ့အခါ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မှာကြားပါတယ်။


________________

________________


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ဇီးပင်ကြီးမှာ ထိုင်းနိုင်ငံကနေ ပြန်လည်ရောက်ရှိသူတွေကို Facility quarantine ထားရှိဆောင်ရွက်လျက်ရှိပြီး ဇွန်လ ၁၅ ရက်နေ့က Facility quarantine ၂၁ ရက်ပြည့်သူတွေကို သက်ဆိုင်ရာသို့ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Facility quarantine ၂၁ ရက်ပြည့်လို့ နေရပ် အသီးသီး ပြန်ကြမယ့်သူတွေကို ပြင်ဦးလွင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် ကျောင်းအုပ်ကြီးတို့က နှုတ်ဆက် အားပေးစကားပြောကြားပြီး နေအိမ်ရောက်ရှိတဲ့အခါ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို မှာကြားပါတယ်။

ဇွန်လ ၁၅ ရက်နေ့မှာ Facility quarantine ၂၁ ရက်ပြည့်သူ ၁၅ ဦးရှိပြီး မန္တလေးခရိုင်က ၃ ဦး၊ ကျောက်ဆည်ခရိုင်က ၅ ဦး၊ ရမည်းသင်းခရိုင်က ၁ ဦး၊ ပြင်ဦးလွင်ခရိုင်က ၆ ဦး ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် အသီးသီးမှ လာရောက်ခေါ်ဆောင်သူများထံ စနစ်တကျ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)