အစိုးရသက်တမ်း လေးနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိ

0
327

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိထားပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (မေလကုန်အထိ) အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၀၅ ခုကနေ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂၃၉၃ ဒသမ ၃၂၆ သန်းအထိ ရရှိထားပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ အိမ်ရာအဆောက်အအုံ၊ ဟိုတယ်နဲ့ ခရီးသွား၊ သတ္တုတွင်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ စက်မှုဇုန် တည်ဆောင်ရေး၊ လယ်ယာ၊ ဆောက်လုပ်ရေး၊ စက်မှုကဏ္ဍတွေနဲ့ တခြား ဝန်ဆောင်မှု ကဏ္ဍ ၁၂ ခုတို့ ဖြစ်ပါတယ်။


___________________

___________________

အစိုးရသက်တမ်း လေးနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ အချက်အလက်တွေအရ အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိထားပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (မေလကုန်အထိ) အစိုးရသက်တမ်း လေးနှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၀၅ ခုကနေ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၂၃၉၃ ဒသမ ၃၂၆ သန်းအထိ ရရှိထားပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့တဲ့ လုပ်ငန်းတွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး၊ အိမ်ရာအဆောက်အအုံ၊ ဟိုတယ်နဲ့ ခရီးသွား၊ သတ္တုတွင်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ စက်မှုဇုန် တည်ဆောင်ရေး၊ လယ်ယာ၊ ဆောက်လုပ်ရေး၊ စက်မှုကဏ္ဍတွေနဲ့ တခြား ဝန်ဆောင်မှု ကဏ္ဍ ၁၂ ခုတို့ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ၅၁ နိုင်ငံအနက် စင်ကာပူက ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး တရုတ်က ဒုတိယ အများဆုံးနဲ့ ထိုင်းက တတိယ အများဆုံး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)