အသက် ၉၀ နှစ် နဲ့ အထက် ဘိုးဘွားတွေအတွက် လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ် စတင်

0
317

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် (၈)ရပ် အတွက် မဟာဗျူဟာ ချမှတ်အကောင်အထည်ဖော်နေရာမှာ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တဲ့ သက်ကြီးရွယ်အိုတွေကို လူမှုရေးပင်စင်ထောက်ပံ့မှု အစီအစဉ်ကို ဇွန်လ ၁၅ ရက်နေ့ က စတင် ဆောင်ရွက်တာဖြစ်ပါတယ်။

ဒီလိုထောက်ပံ့မှုကို နိုင်ငံတော်ရန်ပုံငွေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး (၂၀၁၇ – ၂၀၁၈ ) ဘဏ္ဍာနှစ် က စတင်ပြီး ဘိုးဘွားတွေကို တစ်လကို ၁ သောင်းကျပ်နှုန်းနဲ့ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

ကနဦးအနေနဲ့ ဧပြီ၊ မေ၊ ဇွန် လတွေအတွက် ဘိုးဘွားတစ်ဦးကို လစဉ်ထောက်ပံ့ကြေး ကျပ် ၃ သောင်း ကို ဇွန်လ ၁၅ ရက်ကနေ ၃၀ ရက်နေ့ အတွင်း ထောက်ပံ့ပေးအပ်သွားမှာဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အသက်(၉၀)နှစ်အထက် ဘိုးဘွားတွေကို လူမှုရေး ပင်စင် ထောက်ပံ့ပေးအပ်နိုင်ဖို့ ရပ်ကျေးဥက္ကဋ္ဌတွေ ရပ်မိရပ်ဖတွေနဲ့ ကျောင်းဆရာ၊ဆရာမတွေ ပါဝင်တဲ့အဖွဲ့ကနေ ထောက်ပံကြေး ပေးအပ်မှုကို နေရာတိုင်းမှာ လုပ်ဆောင်သွားမှာပါ။

ကျန်လတွေအတွက် (၃)လ (၁)ကြိမ် ထောက်ပံ့ပေး အပ်နိုင်ရေး စီစဉ်ထားပေမယ့် တစ်လတစ်ကြိမ် ထောက်ပံ့နိုင်ရေးကိုလည်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ရေရှည်မှာ အသက် သက်မှတ်ချက်ကို လျော့ချသွားဖို့လည်း ရှိနေပြီး ပြည်သူတွေလက်ထဲရောက်ရှိဖို့ အစီအစဉ်အဆင့်ဆင့်နဲ့ နည်းပညာပိုင်းအတွက် နိုင်ငံတကာသက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့ Help Age International ကလည်း ပူးပေါင်း ကူညီပေးနေပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအနေနဲ့ ဖွန်လ ၁၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်သို့ သွားရောက်ပြီး ဦးဖေချစ်(၁၀၁)နှစ်၊ ဒေါ်ကြည်ကြည်(၁၀၀)နှစ် အပါအဝင် အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား (၁၀)ဦးအတွက် တစ်ဦးလျှင်(၃)လစာ ထောက်ပံ့ငွေကို ဘိုးဘွားတွေရဲ့ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)