မကွေးသတင်းထောက် ၃ ဦးကို ၆၆ (ဃ) နဲ့ တရားစွဲ

0
275

မကွေးတိုင်းက နယ်သတင်းထောက် ၃ ဦးကို မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မကွေးနယ်မြေ ရဲစခန်းမှာ တရားစွဲထားပါတယ်။

MGY ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးတင်ရွှေ (မင်းဘူး)၊ ဒီမိုကရေစီတူဒေး သတင်းထောက် မဇာဇာစန်း၊ မြန်မာတိုင်းမ်နဲ့ ဒီလှိုင်း သတင်းထောက် မဖူးပွင့်နေခြည်တို့ကို ဖေ့စ်ဘုတ်မှာ မမှန်မကန် ရေးသားတယ်ဆိုပြီး ဇွန်လ ၁၀ ရက်နေ့မှာ တရားစွဲတာ ဖြစ်ပါတယ်။

တင်ရွှေ မင်းဘူး အမည်နဲ့ ဖွင့်ထားတဲ့ အကောင့်မှာ မကွေးမြို့က အုတ်ဖုတ်လုပ်ငန်းတွေကို တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးဖို့၊ သစ်ပင်တွေကို ဘူဒိုဇာနဲ့ ထိုးမယ့်အပေါ် မြင်းကင်းရွာသားတွေ ကန့်ကွက်နေကြောင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)