မြိတ် ကလေးဆေးရုံကြီးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ပိုက်ဆံအိတ် ခိုးယူခံရ

0
414

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကန်ခေါင်ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေး ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဆေးရုံအပေါ်ထပ် သားဖွားခန်းမှာ အိပ်ပျော်နေစဉ် ငွေနဲ့ လက်ဝတ်လက်စား အခိုးခံရမှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဇွန်လ ၁၅ ရက်နေ့က ဖြစ်စဉ်မှာ CCTV မှတ်တမ်းအရ ခိုးယူသူဟာ တပ်မတော် စစ်ဝတ်စုံကို ဝတ်ဆင်ထားတယ်လို့ မြိတ်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခိုးခံရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဟာ မြိတ်မြို့ ပရည်တောင် ကျေးရွာကဖြစ်ပြီး ပိုက်ဆံ တစ်သိန်းကျော်၊ တစ်မူးသားခန့်ရှိတဲ့ ရွှေလက်စွပ်တစ်ကွင်းနဲ့ အမျိုးသမီးကိုင် လက်ကိုင်အိတ်တစ်လုံးကို ခိုးယူသွားတာ ဖြစ်ပါတယ်။ ဒီအမှုကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)