အမေရိကန် သမ္မတရဲ့ သမက် စုံစမ်းစစ်ဆေးခံနေရ

0
267

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျာရက်ဒ် ကုရှ်နာကို အမေရိကန် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ကုရှ်နာဟာ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂေး ကစ်ရက်၊ ရုရှားဘဏ် ဥက္ကဋ္ဌ ဆာဂေးဂေါ်ကော့ဗ်တို့နဲ့ တွေ့ဆုံမှုတွေကြောင့် စုံစမ်းစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ မတိုင်ခင်က ရုရှားသံအမတ်ကြီး၊ ရုရှားဘဏ် ဥက္ကဋ္ဌတို့နဲ့ တွေဆုံချိန်မှာ ကုရှ်နာလည်း ပါဝင်ခဲ့တာကြောင့် စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

အမေရိကန် အထူးစုံစမ်းရေး အရာရှိတွေဟာ ကုရှ်နာရဲ့ စီးပွားရေး၊ ဘဏ္ဍရေးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ အထူးစုံစမ်းရေးအရာရှိ မူလာက ပြောပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရအောင် ရုရှားနိုင်ငံက ကူညီပေးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။  

ရုရှားသံအမတ်ကြီး၊ ရုရှားဘဏ် ဥက္ကဋ္ဌတို့နဲ့ တွေဆုံမှုဟာ စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့သာ ဖြစ်တယ်လို့ ကုရှ်နာနဲ့ သမ္မတ ဒေါ်နယ်ထရမ့်တို့က တုံ့ပြန်ထားပါတယ်။ လက်ရှိအချိန်မှာ အမေရိကန် စုံစမ်စစ်ဆေးရေးအဖွဲ့ဟာ အမေရိကန်သမ္မတရဲ့ ရုရှားနိုင်ငံနဲ့ ဆက်သွယ်မှုအပေါ် စုံစမ်းစစ်ဆေးတာတွေ လုပ်နေဆဲဖြစ်ပြီး စုံစမ်းပြီးချိန်မှာသာ စွဲချက်တင်၊ မတင်ဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)