CLMV နိုင်ငံတွေကို စိတ်ဝင်စားမှု မြင့်တက်တာကြောင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ထိုင်း လျော့ကျနိုင်

0
288

လေကြောင်းလိုင်းတွေ တိုးချဲ့နေကြပြီး CLMV နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် နိုင်ငံတွေကို တိုက်ရိုက် သွားနေနိုင်ပြီဖြစ်တာကြောင့် ထိုင်းဟာ အနာဂတ်မှာ ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု လျော့ကျတော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – RUNGROJ YONGRIT/EPA

ကမ္ဘာလှည့် ခရီးသွားတွေအကြား မဲခေါင်ဒေသ နိုင်ငံတွေဟာ စိတ်ဝင်စားမှု မြင့်တက်နေပြီး လေကြောင်းလိုင်းတွေလည်း ပိုမိုရှိလာနေပြီ ဖြစ်ပါတယ်။

ဈေးကွက်ရဲ့ တောင်ဆိုမှုအရ တန်ဖိုးသင့်၊ ဝန်ဆောင်မှုအပြည့်နဲ့ လေကြောင်းလိုင်းတွေကို အိန္ဒိယ၊ စင်ကာပူ၊ မလေးရှား၊ အရှေ့အလယ်ပိုင်းဒေသနဲ့ တရုတ်တို့က လမ်းကြောင်းသစ်တွေ ဖွင့်ပြီး CLMV နိုင်ငံတွေကို တိုးချဲ့ ပြေးဆွဲလာနေကြပါပြီ။

CLMV နိုင်ငံက အာဏာပိုင်တွေက ခရီးသွားလုပ်ငန်း တိုးတက်ရေး လုပ်ဆောင်နေကြရာမှာ ကမ္ဘောဒီးယားက ရှေးဟောင်းအမွေအနှစ်၊ မြန်မာက တံခါးဖွင့်နိုင်ငံအသစ်၊ လာအိုက ခရီးစဉ်နဲ့ လည်ပတ်မှု၊ ဗီယက်နမ်က ဇိမ်ခံသင်္ဘောတွေနဲ့ လှည့်လည်မှု၊ ထိုင်းကတော့ မြို့ပြယဉ်ကျေးမှုနဲ့ အစားအစာတို့နဲ့ ဆွဲဆောင်နေကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)