ကလေးသူငယ် ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံဆောင်ရွက်မှု အကျိုးရလဒ် ထွက်ပေါ်

0
285

မြန်မာနိုင်ငံမှာ ကလေးသူငယ် ကျန်းမာရေး၊ အာဟာရ ပြည့်ဝရေးနဲ့ အခြေအနေ အရပ်ရပ် ကောင်းမွန်းရေး ရင်းနှီးဆောင်ရွက်မှုတွေဟာ အကျိုးရလဒ်တွေ ထွက်ပေါ်လာပြီလို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်လိုက်ပါတယ်။

(ဓာတ်ပုံ – BARBARA WALTON/EPA)

မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ မိခင်နို့ တိုက်ကျွေးမှုနှုန်းဟာ အလွန်လျှင်မြန်စွာပဲ ၂၀၀၉ ခုနှစ်မှာ ၂၇ ရာခိုင်နှုန်းကနေ ၂၀၁၆ ခုနှစ်မှာ ၅၁ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ ကျန်းမာရေးဌာန ၄၄၅၁ ခု ထူထောင်နိုင်ခဲ့ပြီး အရေးပေါ် မွေးကင်းစ ကလေး စောင့်ရှောက်ရေး အတွက် သားဖွားဆရာမ ၄၅၀၀ ကို လေ့ကျင့် သင်တန်းပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆေးဝါး သယ်ယူပို့ဆောင်ခြင်းနဲ့ ထိန်းသိမ်းခြင်း နည်းလမ်းတွေ တိုးတက်လာပါတယ်။ ဆယ်စုနှစ် တစ်ခုကြာ ရင်းနှီးမြှုပ်နှံ လုပ်ဆောင်မှု ရလဒ်အဖြစ် ကလေးသူငယ်တွေကို ခြိမ်းခြောက်နေတဲ့ ရောဂါတွေကနေ ပုံမှန် အကာအကွယ် ပေးလာနိုင်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဒီနေ့ ခေတ် ကလေးငယ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနဲ့ ယှဉ်ရင် ပိုမိုကောင်းမွန်စွာနဲ့ ဘဝကို စတင်နိုင်ကြပါပြီလို့ UNICEF မြန်မာ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘာအင်ဗယ်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)