Y8 ပျက်ကျလေယာဉ်ပါ စစ်သည်မိသာစုဝင်များနောင်ရေး တပ်မတော် စီမံပေးမည်

0
318

တပ်မတော်အနေနဲ့ Y-8 ပျက်ကျလေယာဉ်မှာ ပါသွားတဲ့ တပ်မတော်အရာရှိစစ်သည်မိသားစုဝင်တွေရဲ့ လတ်တလော စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးနဲ့ ရှေဆက်ရမယ့် ဘ၀နောင်ရေးအတွက် အကောင်းဆုံးစီမံလုပ်ဆောင်ပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီနေ့ ဇွန် ၁၆ရက်က မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှာလုပ်ခဲ့တဲ့  ပျက်ကျလေယာဉ်ပါ တပ်မတော်အရာရှိစစ်သည်များရဲ့ မိသားစုများကို ကူညီထောက်ပံ့ငွေပေးအပ်ပွဲမှာ ဗိုလ်ချုပ်မှုးကြီးက ပြောခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးဟာ ထားဝယ်မြို့မှာလုပ်ခဲ့တဲ့ ပျက်ကျလေယာဉ်ကယ်ဆယ်ရေးလုပ်ငန်းများမှာ ပါဝင်ခဲ့ကြသူများအား ဂုဏ်ပြုပွဲကိုတက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ ဆုငွေများလည်း ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။

တပ်မတော်သားများ နှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုတဲ့  တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8-200 F အမျိုးအစား လေယာဉ်အမှတ်-၅၈၂၀ ဟာ ဇွန်လ ၇ရက်က မြိတ်ကနေ ရန်ကုနိကို ပျံသန်းရင်း ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်မှာ စစ်သည်၊မိသားစုနဲ့  လေယာဉ်အမှုထမ်း ၁၄ ဦး စုစုပေါင်း ၁၂၂ ဦး လိုက်ပါသွားကြပြီး ဇွန်လ ၁၅ရက်အထိ  စုစုပေါင်းရုပ်အလောင်း ၉၀ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)