စင်ကာပူ ကြက်ခြေနီအဖွဲ့ မိုရာ မုန်တိုင်းဒဏ်သင့် နှစ်နိုင်ငံအတွက် ဒေါ်လာ ၁ သိန်းလှူ

0
314

စင်ကာပူ ကြက်ခြေနီ အဖွဲ့ (SRC) က မိုရာ ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့အတွက် အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်းမယ်လို့ ဒီနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ လှူဒါန်းထောက်ပံ့ငွေနဲ့ ဒုက္ခသည် ၅ သောင်းအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ရေ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေအတွက် သုံးမှာ ဖြစ်ပါတယ်။

မေလ ၂၆ ရက်နေ့ မိုရာဆိုင်ကလုန်း မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၃ ဒသမ ၃ သန်း ဒုက္ခရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အိမ် ရာပေါင်းများစွာ၊ အဆောက်အဦနဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် SRC လှူမှာက ဒေါ်လာ ၅ သောင်းဖြစ်ပြီး တာပေါ်လင်မိုးကာတွေ၊ သွပ်ပြားတွေ၊ ဆရာနဲ့ ကျောင်းသားတွေအတွက် သင်ကြားရေး ပစ္စည်းတွေအတွက် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)