ONE: LIGHT OF A NATION ပွဲကြီးအတွက် ယှဉ်ပြိုင်မယ့် တွဲဆိုင်းတွေ ထုတ်ပြန်

0
325

ONE: LIGHT OF A NATION ပွဲကြီးကို ဇွန်လ ၃၀ ရက်နေ့မှာ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းအတွင်း ကျင်းပမှာဖြစ်ရာ အဓိက တွဲဆိုင်းနဲ့အတူ ယှဉ်ပြိုင်မယ့် တွဲဆိုင်းတွေကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

အဓိကတွဲဆိုင်းအဖြစ် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Vitaly Bigdash (ဗစ်တာလီ ဘစ်ဒက်ရှ်) နဲ့ “မြန်မာ့စပါးကြီးမြွေ” ခေါ် အောင်လအန်ဆန် တို့က ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ဖလိုင်းဝိတ်တန်းက အကျော်မော်တွေဖြစ်တဲ့ စောမင်းမင်းနှင့် ထွန်းလွင်မိုး၊ ရဲသွေးနီနှင့် ပတ်ကျော်လင်းနိုင်တို့ရဲ့ ဆီမီးဖိုင်နယ်ပြိုင်ပွဲများအပြင် ရွှေကျောင်းသား နဲ့ ရဲရင့်သွေးတို့ ထိုးသတ်သွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံသူ Jenny Huang နဲ့ ဂျပန်နိုင်ငံသူ Mei Yamaguchi တို့တွဲဆိုင်းမှာလည်း စိတ်ဝင်စားဖွယ်ရှိနေပါတယ်။
အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ ဂျူဂျစ်ဆုကမ္ဘာ့ချန်ပီယံ ဘရာဇီးနိုင်ငံသား Bruno “Pucci Bull” Pucci နဲ့ဖိလစ်ပိုင်နိုင်ငံသား Jimmy Yabo နှင့် တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် သုံးပွဲထိုးသတ်ခဲ့ရာမှာ သုံးပွဲစလုံးကို အနိုင်ရထားတဲ့ ONE Myanmar Featherweight Tournament 2015 ရဲ့ ရှုံးပွဲမရှိချန်ပီယံ သပြေညို ဟာ အရင်လက်ဝှေ့သမားဟောင်းတစ်ဦးဖြစ်သူ ထက်အောင်ဦး နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အမေရိကန်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် တောင်ကိုရီးယားလူမျိုး Kevin “Old Boy” Chung ဟာ တရုတ်နိုင်ငံ Chengdu (ချန်တူ) မှ ၂၆ အရွယ် Zhong Qing Ya နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)