မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ လျှပ်တပြက် ရေကြီးနိုင်

0
373

မြန်မာနိုင်ငံအလယ် ပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်လို့ အထူးသတိထားကြပါလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဌာနက အသိပေး နှိုးဆော်လိုက်ပါတယ်။

(ဓာတ်ပုံ- LYNN BO BO/EPA-Myanmar)

ပြည်နယ်တိုင်းအချို့မှာ ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပွားနေပြီဖြစ်လို့ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြဖို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ထားတာပါ။

မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများ ဖြစ်ပွားတတ်တာမို့ သတိထားနေထိုင်ကြဖို့ ဌာနက အထူးအသိပေး နှိုးဆော်ထားပါတယ်။ လတ်တလော ရခိုင်ပြည်နယ်အတွင်း မိုးကြီးပြီး မြေပြိုမှုများ ဖြစ်ပွားနေပါတယ်။ (USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)