တနိုင်းဒေသ စစ်ရေးတင်းမာမှု ဝင်ရောက် ဆွေးနွေးဖို့ ဆွမ်ပရာဘွမ် အမတ် တိုက်တွန်း

0
379

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးလုံဂျုံဆန်မိုင် က ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ တနိုင်းဒေသ စစ်ရေးတင်းမာနေမှုမှာ ၀င်ရောက်ပြောဆိုဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့လွှတ်တော်မှာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ဆွေးနွေးရင်း သူကပြောခဲ့တာဖြစ်ပြီး တနိုင်းစစ်ရေးတင်းမာမှုမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ မေတ္တာရပ်ခံ သွားပါတယ်။

တပ်မတော်က တနိုင်းကျောက်မျက်မှော်ထဲက လူတွေအားလုံး ဇွန်လ ၁၅ ရက် နောက်ဆုံးထား ထွက်ခွာသွားကြဖို့ သတိပေးထားပြီး ဒေသတွင်းမှာ ကေအိုင်အို ကချင်တပ်ဖွဲ့နဲ့ စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)