The Voice သရော်စာအမှု အယ်ဒီတာ အာမခံ မရ

0
302

The Voice ဂျာနယ်မှာ ကျည်ထောင်စုသစ္စာ သရော်စာ ရေးသားတဲ့ ဗြိတိသျှကိုကိုမောင်နဲ့  The Voice အယ်ဒီတာ ကျော်မင်းဆွေ တို့ကို ဒီကနေ့ ဇွန်မလ ၁၆ ရက်နေ့ ဒုတိယ အကြိမ်မြောက် ရုံးထုတ်မှာ ဗြိတိသျှကိုကိုမောင်ကို တရားသေ လွှတ်လိုက်ပါတယ်။ အယ်ဒီတာ ဦးကျော်မင်းဆွေကိုတော့ အာမခံ မပေးပါဘူး။

ဆေးစာတင်ပေမယ့် ပြင်ပ ဆေးစာဖြစ်တာကြောင့် အာမခံလျှောက်ထားမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)