ရန်ကုန်မြို့ မီးရထားနဲ့ ကားလမ်းဆုံရာတွေမှာ ခုံးကျော်တံတားတွေ ဆောက်မယ်

0
278

ရန်ကုန်မြို့တွင်း  မီးရထားနဲ့ ကားလမ်းဆုံရာ နေရာ ၂၆ ခုမှာ ခုံးကျော်တံတားတွေ တည်ဆောက် သွားဖို့ရှိတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။

(ဓာတ်ပုံ – NYEIN CHAN NAING/EPA-MYANMAR)

ဒီနေ့ ဇွန်လ (၁၆) ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်မှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောနိုင်ရဲ့ တောင်ဥက္ကလာပ မြို့နယ်နှင့် ရန်ကင်းမြို့နယ်ကြား ခုံးကျော်တံတား တည်ဆောက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းတာကို ဖြေကြားရင်း သူက ပြောခဲ့တာပါ။

ခုံးကျော်တံတားတွေ တည်ဆောက်ဖို့ မြေပြင်အင်ဂျင်နီယာတိုင်းတာမှု လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ လို့လည်း ဦးသန့်စင်မောင်က လွှတ်တော်မှာ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)