စင်ကာပူရောက် မြန်မာနိုင်ငံသားတွေကို စတုတ္တအသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ဆောင်

0
260

စင်ကာပူနိုင်ငံမှာ ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလိုတဲ့ မြန်မာနိုင်ငံသား ၁၄၄ ဦးကို ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ မေလ ၁၆ ရက်ဒီ ကနေ့မှာ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ စင်ကာပူကို ကာလတို ရောက်ရှိနေစဉ် ပိတ်မိသူတွေ၊ စင်ကာပူမှာ ပြစ်ဒဏ်ကျခံနေရပြီး ပြန်လည် လွတ်မြောက်လာသူတွေ၊ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်းရပ်နား ခံရသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတဲ့ သူတွေအနေနဲ့ စောင့်ကြည့်ရေး စခန်းတွေမှာ ၂၁ ရက်ကြာ နေထိုင်ရမှာ ဖြစ်ပါတယ်။

________________

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)