မုတ်သုံရာသီသတိပေးချက် နဲ့ မုန်တိုင်းသတိပေးချက်တွေ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ရန်ရှိ

0
369

အခုနှစ် မိုးရာသီအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းကနေ သဘာဝဘေးအန္တာရယ် ကြိုတင်ပြင်ဆင်မှု အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရေးပေါ်အော်ပရေးရှင်းစင်တာတွေကို ဆက်သွယ် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

EOC လို့ခေါ်တဲ့ အရေးပေါ် အော်ပရေးရှင်း စင်တာကနေ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန ထုတ်ပြန်တဲ့ မိုးလေဝသသတင်းတွေကိုလည်းသက်ဆိုင်ရာ တိုင်းဒေသကြီးတွေကို အချိန်နဲ့ တစ်ပြေးညီ အသိပေးထုတ်ပြန်သွားမှာပါ။

မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာန ထုတ်ပြန်တဲ့ မုတ်သုံရာသီသတိပေးချက် နဲ့ မုန်တိုင်းသတိပေးချက်တွေ ကို တိုင်းဒေသကြီးအနှံ့အပြား က သိရှိနိုင်အောင်ပြုလုပ်ပေးမယ့်အပြင် တစ်နိုင်ငံ လုံးမှာ သဘာဝဘေးအန္တာရယ်ကြိုတင်ကာကွယ်ရေးအတွက်  သိုလှောင်ရုံ (၂၈)ရုံ ပြုလုပ်ထားပြီး  သိုလှောင်ရုံ အရွယ်အစားအလိုက် ကယ်ဆယ်ရေးပစ္စည်းတွေကို လူဦးရေ (၂၅၀) ကနေ (၄၀၀၀) စာ အရံသင့် ကြိုတင်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခဆိုင်ရာစီမံခန့်ခွဲရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေက MCN  သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)