နန်စီပွန်ရတနာမြေမှာ တရားမ၀င်နေထိုင်သူတွေကို ပြောင်းရွှေ့ ထွက်ခွာဖို့ သတိပေး

0
353

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန်ရတနာနယ်မြေမှာ တရားမ၀င်နေထိုင်သူတွေကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာသွားကြဖို့ သတိပေးလိုက်ပါတယ်။

ခန္တီးနယ်မြေအတွင်းက နန်စီပွန် ရပ်ကွက် နဲ့ မကျန်ခမှော်ရပ်ကွက်တွေမှာ တရားမဝင်နေထိုင်သူတွေအားလုံးဟာ မေလ ၁၆ ရက် ကနေစပြီး မေလ ၃ဝ ရက် နောက်ဆုံးထားကာ ပြောင်းရွှေ့ထွက်ခွာသွားကြဖို့ အမိန့်ထုတ်ပြန်လိုက်တာပါ။

အဲဒီထုတ်ပြန်ချက်ကို မေလ ၁၅ ရက်နေ့က ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က လက်မှတ်ထိုးပြီး ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ- ၁၄၃ အရ အမိန့်ထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီဒေသမှာ ရေမဆေးကျောက်ရှာဖွေသူဦးရေ တိုးပွားလာနေတာကို ထိန်းချုပ်ဖို့ အခုလိုထုတ်ပြန်လိုက်တာဖြစ်ပြီး တရားဝင်ရွှေ့ပြောင်းနေထိုင်သူတွေ အနေနဲ့တော့ ဆက်လက်နေထိုင်လုပ်ကိုင်ခွင့်ရှိနေမှာဖြစ်ပါတယ်။

ဒါအပြင် တရားမ၀င် ကျူးကျော်ဝင်ရောက်နေထိုင် လုပ်ကိုင်သူတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်ပေါ်မှုနဲ့ ရပ်ရွာအေးချမ်း သာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိခိုက်စေနိုင်တဲ့ အတွက် အခုလိုအမိန့်ထုတ်ပြန်တာဖြစ်ကြောင်း ခန္တီး မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရဲ့ အမိန့်အမှတ် (၁/ ၂ဝ၁၇)တွင် ထည့်သွင်းရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)