စင်္ကာပူနိုင်ငံ ရေတပ်ရဲ့ နှစ် ၅၀ ပြည့်အခမ်းအနားကို မြန်မာနိုင်ငံရေတပ် တက်ရောက်

0
336

မေလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ စင်္ကာပူနိုင်ငံရေတပ်ရဲ့ နှစ် ၅၀ ပြည့် အခမ်းအနားကို ကမ္ဘာတစ်ဝန်းက နိုင်ငံအနှံအပြားက စစ်သင်္ဘောတွေ စေလွတ်ခဲ့သလို မြန်မာနိုင်ငံကလည်း စေလွှတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ၊ စင်္ကာပူ၊ ဂျပန် ၊အမေရိကန် ၊ တရုတ် နဲ့ ထိုင်းနိုင်ငံ တို့က စစ်သင်္ဘောတွေဟာ အခမ်းအနားမှာ ဦးဆောင်ခဲ့ကြပြီး ၂၁ နိုင်ငံက စစ်သဘောင်္ ၄၆ စီးဟာ အခမ်းအနားမှာ စစ်ရေးပြ မောင်းနှင်ခဲ့ကြပါတယ်။ အဲဒီစစ်သင်္ဘောတွေထဲက ၂၈ စီးဟာ စစ်ပွဲတွင်းပါဝင်ဖူးခဲ့တဲ့ သင်္ဘောတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပူးပေါင်းပါဝင်ခဲ့တဲ့ စစ်သင်္ဘောကတော့ မြန်မာနိုင်ငံ သီလ၀ါသင်္ဘောကျင်းမှာ တရုတ်နိုင်ငံရဲ့ နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ကျန်စစ်သား စစ်ရေယာဉ်အမျိုးအစား၊ ဆင်ဖြူရှင် လို့ အမည်ပေးထားတဲ့ စစ်သင်္ဘောက ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်သင်္ဘော ဆင်ဖြူရှင်ဟာ ၁၀၆ မီတာ ရှိပြီး တန်ချိန် ၃၀၀၀ ကို သယ်ဆောင်နိုင်တဲ့ စစ်သဘောင်္တစ်စီး ဖြစ်တယ်လို့ စင်္ကပူနိုင်ငံအခြေစိုက် Straitstimes သတင်းဌာန က ရေးသားဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)