မန္တလေးမြို့မှာ ခြင်းအသင်းပေါင်း ၁၈၀၀ ပါဝင်တဲ့ ဝါဆိုခြင်းပွဲတော် ကျင်းပ

0
391

မန္တလေး မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့မှ ဦးစီးပြီး ၈၉ ကြိမ်မြောက် ၀ါဆိုခြင်းအလှခတ်ပွဲတော်ကို ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကနေ ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့အထိ ရက်ပေါင်း ခြောက်ဆယ်တိုင်တိုင် ကျင်းပမှာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲမှာ ၀ါသနာရှင်အသင်းပေါင်း ထောင့်ရှစ်ရာ ပါဝင်ခတ်ကစားမှာပဲ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ပါဝင်မယ့် ခြင်းအသင်းများအနေနဲ့ တစ်သင်းကို ငွေကျပ် ၃၅၀၀ ကျပ် သတ်မှတ်ထားပြီး ခြင်းအလှခတ် စွမ်းရည် ပြသတဲ့ပွဲဖြစ်လို့ ဆုချီးမြှင့်လေ့မရှိပါဘူး။

ဝါဆိုခြင်းပွဲတော်အပြင် သက်ကြီးခြင်းလုံးပညာရှင်များကိုလည်း ပါဝင်ခတ်ကစားမယ့် ကစားသမားများက စုပေါင်းပြီး ပူဇော်ကန်တော့ပွဲ ပြုလုပ်မှာဖြစ်သလို မဟာမြတ်မုနိဘုရားကြီးကိုလည်း ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းမှာလည်း ဖြစ်ပါတယ်။

ဒီ ၀ါဆိုခြင်းအလှခတ်ပွဲတော်ဟာ မြန်မာပြည်မှာ အကြီးမားဆုံး သက်တမ်းအရှည်ကြာဆုံး ခြင်းလုံးပွဲတော်ဖြစ်ပြီး ဒီခြင်းလုံးပွဲတော်ကနေ နိုင်ငံ့ဂုဏ်ဆောင် ခြင်းခတ် အားကစားသမား များစွာကို မွေးထုတ် ပေးနေတဲ့ ခြင်းပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)