သတင်းရယူခွင့်နဲ့ အကူအညီပေးတဲ့အဖွဲ့တွေ ရခိုင်ကို အတားအဆီးမရှိ သွားဖို့ ကော်မရှင် တိုက်တွန်း

0
289

သတင်းယူခွင့်နဲ့ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေကို သွားရောက်ခွင့် ပေးဖို့လိုအပ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအကြံပေးကော်မတီက ကြားဖြတ်အစီရင်ခံစာမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အချက် ၁၃ ချက်ကို ထုတ်ပြန်ခဲ့ပြီး ဒီထုတ်ပြန်ချက်တွေကို အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

အဲဒီအကြံပြုချက်တွေထဲမှာ အရေးကြီးတဲ့ အချက်အနေနဲ့ သတင်းထောက်တွေနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်း လုပ်ဆောင်နေ သူတွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်မြေဒေသတွေဆီကို အတားအဆီးမရှိ သွားရောက်ခွင့် ပေးဖို့ လိုအပ်တယ်လို့ အကြံပေးကော်မရှင် ဥက္ကဌ မစ္စတာကိုဖီအာနန်က ရုပ်သံပြောကြားချက် ပေးပို့ပြောကြားခဲ့ပါတယ်။

ကော်မရှင်ရဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အကုန်လုံး မဟုတ်ရင်တောင် တစ်ချို့ တစ်ဝက်ကို ချက်ချင်းလိုက်နာရင် ဖြစ်နေတဲ့ ပဋိပက္ခတွေ ကိှုေလျှာ့ချ နိုင်မယ်လို့ ဖော်ပြထားပါတယ်။

အခုလိုမျိုး ကြားဖြတ်အစီရင်ခံစာကို ထုတ်ပြန်တာက လက်ရှိ အခြေအနေအရ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အပြီးသက် အစီရင်ခံစာကိုတော့ သြဂုတ်လမှာ ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)