ဆန္ဒပြ သူနာပြုတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေကို စာမေးပွဲဖြေခွင့်နဲ့ ခြိမ်းခြောက်

0
255

မနေ့ကဆန္ဒပြခဲ့တဲ့ သူနာပြုတက္ကသိုလ် ကျောင်းသားမိဘတွေဆီကို ဆန္ဒပြကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေခွင့်မရရင် ကျောင်းကတာဝန်ယူမှာ မဟုတ်ဘူးလို့ ဖုန်းဆက်အကြောင်းကြားတာတွေ ပြုလုပ်နေပါတယ်။

တက္ကသိုလ်ဌာနမှူးအဆင့်ရှိသူတွေက ဆန္ဒပြကျောင်းသူကျောင်းသားတွေရဲ့ မိဘအုပ်ထိန်းသူတွေကို ဖုန်းဆက်ပြီး အခုလိုမျိုးခြိမ်းခြောက် ဖိအားပေးတာတွေ ပြုလုပ်လာတာပါ။ အခုချိန်အထိ ဖုန်းဆက်တိုင်ကြားခံရတဲ့ ကျောင်းသားတစ်ရာကျော်ရှိနေတယ်လို့ MCN သတင်းဌာနကို သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းကျော်လင်းက ပြောပါတယ်။

ကျောင်းသားမိဘတွေကို ဖိအားပေးတာတွေ လုပ်ဆောင်တာတွေက မဖြစ်သင့်ဘဲ ကျောင်းသားတွေနဲ့ တိုက်ရိုက်ဖြေရှင်းသင့်ပြီး မိဘတွေနဲ့ လှည့်တိုက်နေတာက မဖြစ်သင်ဘူးလို့ ကိုမင်းကျော်လင်းက ဝေဖန်လိုက်ပါတယ်။

အခုလို မျိုးဖုန်းဆက်ဖိအားပေးနေတာတွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေက တရားဝင်ခွင့်ပြုမိန့်တောင်းခံပြီး ဆန္ဒပြတာဖြစ်တဲ့အတွက် စိုးရိမ်ဖို့မလိုဘဲ ပြဿနာမရှိနိုင်ဘူးလို့ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (အတွင်းရေးမှူး) ဦးခင်မောင်ဝင်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မှုကို ပြန်လည်ဖြေကြားပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးဌာနက သူနာပြုကျောင်းဆင်းတွေ သူနာပြုလက်မှတ်ရဖို့ အစိုးရဆေးရုံတွေမှာ သုံးနှစ်မဖြစ်မနေ တာဝန်ထမ်းဆောင်ရမယ်လို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီကြေညာချက်ကို ရုတ်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)